the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Website နှင့် Social Media များတွင် ပြည်သူများ အား အသိပေးတင်ပြသည့် သတင်းရေးသားဖော်ပြခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက် အမှစကားပြောကြား

နေပြည်တော် စက်တင်ဘာ (၂၄)ရက်

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ နေ့လယ်ပိုင်းအချိန်တွင် နေပြည်တော်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရုံးအမှတ် (၄၇) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Website နှင့် Social Media များတွင် သတင်းရေးသားဖော်ပြခြင်းဆိုင်ရာ လုပ်ငန်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားခဲ့ရာတွင် -

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဝန်ထမ်းများသည် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းများကို အချိန်နှင့်အမျှအားသွန်ခွန်စိုက် ကြိုးပမ်း လုပ်ဆောင်လျက်ရှိကြောင်း၊

• ထိုသို့ ဝန်ကြီးဌာနမှဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ကျန်းမာရေးအသိပေးနှိုးဆော်ချက်များ၊ ကျန်းမာရေးအသိပညာများ၊ ကျန်းမာရေးဆိုင်ရာသတင်းများ၊ သဘာဝဘေးနှင့် အရေးပေါ်အခြေအနေများတွင် ကျန်းမာရေး သတိပေးချက်များ၊ အားကစား ကဏ္ဍလုပ်ဆောင်မှုများနှင့် အားကစားအောင်မြင်မှုများကို ပြည်သူများ သိရှိနိုင်စေရန် မီဒီယာမှတစ်ဆင့် ထုတ်လွှင့်တင်ပြရန်လိုအပ်ကြောင်း၊

• ဝန်ကြီးဌာနသည် ယခု (၂၀၁၈) ခုနှစ်ကို ကျန်းမာရေးသတင်းအချက်အလက်ဆိုင်ရာနှစ် (Year of Data and Information) အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာန၏ ကိုယ်ပိုင် website စာမျက်နှာနှင့် ဦးစီးဌာနအသီးသီး၏ website စာမျက်နှာများ၊ လူမှုကွန်ယက် စာမျက်နှာများကို အားဖြည့်ဆောင်ရွက်နိုင်ခဲ့ပြီး ဝန်ကြီးဌာန၏ ကိုယ်ပိုင် အီးမေးလ် (email) နှင့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် သတင်းစနစ် (Health Manpower Database) တိုကို့ စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊

• ထိုကဲ့သို့ ဝန်ကြီးဌာန၊ ဦးစီးဌာနများ၏ website စာမျက်နှာများနှင့် လူမှုကွန်ယက် စာမျက်နှာများမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပါအဝင် ပြည်သူများအတွက် အသိပေးတင်ပြမှုများ၊ အသိပညာများ ပုံမှန်ထုတ်လွှင့်ခြင်းဖြင့် ပြည်သူများတွင် ကျန်းမာရေးဆိုင်ရာ အသိပညာများပိုမိုတိုးပွားလာနိုင်သည့် အပြင်ဝန်ကြီးဌာနရှိ ဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် အဆင့်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနတစ်ခု၏ ကောင်းမွန် အောင်မြင်သော လုပ်ငန်းလုပ်ဆောင်မှုများကို အခြားဦးစီးဌာန၊ ဌာနများက လိုက်လံဆောင်ရွက် နိုင်မည် ဖြစ်သဖြင့် လွန်စွာ အကျိုးရှိမည်ဖြစ်ကြောင်း၊

• ဝန်ထမ်းများအနေဖြင့် အင်္ဂလိပ်ဘာသာပိုမိုကျွမ်းကျင်စေရန်နှင့် အထွေထွေ ဗဟုသုတကြွယ်ဝစေရန် နိုင်ငံတကာမှ ပညာရပ်နယ်ပယ်ပေါင်းစုံ ပညာရှင်များ ဟောပြောမှု (TED Talks) နှင့် The Global New Light of Myanmar သတင်းစာ၏ ခေါင်းကြီးပိုင်းများ စသည်တို့ကို လေ့လာကြည့်ရှုကြရန်လိုအပ်ကြောင်း၊

• မကြာမီကာလအတွင်း မြို့နယ်ဆရာဝန်များ၊ တိုက်နယ်ဆရာဝန်များနှင့် အခြေခံ ကျန်းမာရေးဝန်ထမ်းများသို့ Mobile Tablet များ ဖြန့်ဝေပေးမည်ဖြစ်ပြီး အဆိုပါ Mobile Tablet များကို အသုံးပြု၍ ကျန်းမာရေးဝန်ထမ်းများ၏ အရည်အသွေးနှင့် လုပ်ငန်း စွမ်းဆောင်များကို မြှင့်တင်သွားမည်ဖြစ်ကြောင်း၊

• ဝန်ထမ်းများသည် Mobile Tablet များအား စဉ်ဆက်မပြတ်ဆေးပညာသင်ကြားရေးအတွက် ရွေ့လျားစာကြည့်တိုက်သဖွယ် အသုံးပြုနိုင်မည်ဖြစ်ပြီး အခြေခံကျန်းမာရေးဝန်ထမ်းများမှသည် ဗဟိုအဆင့်အထိကို ယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသားအကြား ချက်ကြိုးဖြင့် ချိတ်ဆက်ထားသကဲ့သို့ ဆက်သွယ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊

• ဦးစီးဌာနများမှ စီမံချက်များ၏ စာအုပ်စာတမ်းများ၊ အစီရင်ခံစာများ၊ ကွန်ပျူတာ PowerPoint Presentation များ၊ အလုပ်ရုံဆွေးနွေးပွဲနှင့် အစည်းအဝေးပွဲ အစီရင်ခံစာများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အစီရင်ခံစာများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ website တွင် ဖော်ပြပေးစေလိုကြောင်း၊

• နိုင်ငံတော်မှ အလေးထား ဆောင်ရွက်လျက်ရှိသော e-Government ဆိုင်ရာလုပ်ငန်းများကို ဝန်ကြီးဌာနအနေဖြင့် မိမိသက်ဆိုင်ရာကဏ္ဍအလိုက် အထူးအလေးထားကာ ပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်း ပြောကြားခဲ့ ပါသည်။

ထို့နောက် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါ်အေးအေးစိန်တို့က သတင်းမီဒီယာ အပါအဝင် e-Government လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

     ဆက်လက်၍ မြန်မာ့အလင်းသတင်းစာမှ စာတည်းမှူးချုပ် ဦးအောင်နိုင်ဦးနှင့် အယ်ဒီတာအဖွဲ့ဝင် ဒေါ်ခင်ရတနာ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး (ကျန်းမာရေးအသိပညာမြှင့်တင်ရေး) ဒေါက်တာဖြူဖြူအေး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအောင်ကျော်မိုးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (e-Government) ဒေါက်တာထူးမြင့်ဆွေတို့က ပြည်သူများအား အသိပေးတင်ပြသည့် သတင်းရေးသားခြင်း၊ သတင်းတည်းဖြတ်ခြင်း၊ အွန်လိုင်းမီဒီယာ၊ Social Media၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Website နှင့် Social Media များတွင် သတင်းရေးသားဖော်ပြခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်တို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပါသည်။

     အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ဒုတိယတိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနများမှ သတင်းတာဝန်ခံများနှင့် ကွန်ပျူတာကျွမ်းကျင်များနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ခဲ့ကြပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ