ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှု တို့ဖြင့် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဆရာ/ဆရာမများသည် ၁၆-၆-၂၀၂၂ ရက်နေ့၌ ကော့သောင်းမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် တိုင်းရင်းဆေးပညာဖြင့် ဟောပြောခြင်းနှင့် ၁၈-၆-၂၀၂၂ ရက်နေ့တွင် မြိတ်မြို့ ဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသခြင်း များ ပြုလုပ်ခဲ့ရာတွင် ဆေးကုသခံ လူနာဦးရေ စုစုပေါင်း (၂၁)ဦး အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပါသည်။
ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး ရန်ကုန်မှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်း
Tue , Jun 28 2022 - 09 amကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှု တို့ဖြင့် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး ရန်ကုန်မှ ဆရာမများသည် ၆-၆-၂၀၂၂ ရက်နေ့တွင် ဗဟန်းမြိုနယ်၊ သမိဒေါဒယသီလရှင်စာသင်တိုက်သို့ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ ကွင်းဆင်း ဆေးကုသမှုပြုခဲ့ပါသည်။ လာရောက်ဆေးကုသခံယူသူ လူနာ(၄၈)ဦးရှိခဲ့ပါသည်။
ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ပရပိုက်စာပေအထူးပြု တတိယနှစ်ကျောင်းသားများသည် ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံ အေးသာယာ တောင်ကြီးသို့ ၂၄.၆.၂၀၂၂ ရက်နေ့ နေ့လယ် (၁း၀၀)နာရီအချိန်တွင် လာရောက်လေ့လာခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးဌာနမှူး ဦးဆောင်မှုဖြင့် ခုတင်(၅၀)ဆံ့ အေးသာယာ(တောင်ကြီး) တိုင်းရင်းဆေးရုံ ဆေးရုံအုပ်ဒေါ်ချိုနှင့် ဆရာမများမှ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ရှိ သံဃာ၊ သီလရှင်နှင့် လူပုဂ္ဂိုလ် (၁၃၈) ဦး တို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်ဆေးကုသမှုပေးခြင်း နှင့် ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။