the republic of the union of myanmar

ministry of health

Department of Traditional Medicine

ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး ရန်ကုန်မှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်း

၂၈-၆-၂၀၂၂

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှု တို့ဖြင့် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး ရန်ကုန်မှ ဆရာမများသည် ၆-၆-၂၀၂၂ ရက်နေ့တွင်  ဗဟန်းမြိုနယ်၊ သမိဒေါဒယသီလရှင်စာသင်တိုက်သို့ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ ကွင်းဆင်း ဆေးကုသမှုပြုခဲ့ပါသည်။ လာရောက်ဆေးကုသခံယူသူ လူနာ(၄၈)ဦးရှိခဲ့ပါသည်။

ထို့ပြင် ၁၃-၆-၂၀၂၂ ရက်နေ့တွင် မှော်ဘီမြို့နယ် သမိဒေါဒယဖျာပုံသီလရှင်သင်ပညာရေး ကျောင်းတွင် တိုင်းရင်းဆေးပညာဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသမှုပြုခဲ့ရာတွင် လာရောက် ဆေးကုသခံယူသူ လူနာ(၈၀)ဦးရှိခဲ့ပါသည်။ ၂၀၂၂ ခုနှစ် ဇွန်လ အတွင်း၌ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသမှု (၂)ကြိမ် စုစုပေါင်း လူနာဦးရေ (၁၂၈)ဦးအား တိုင်းရင်းဆေး ပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသပေးခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ