the republic of the union of myanmar

ministry of health

Department of Traditional Medicine

တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်း ဆေးကုသခြင်းနှင့် ပညာပေးဟောပြောခြင်း

၂၈-၆-၂၀၂၂

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှု တို့ဖြင့် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ   ဆရာ/ဆရာမများသည် ၁၆-၆-၂၀၂၂ ရက်နေ့၌ ကော့သောင်းမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် တိုင်းရင်းဆေးပညာဖြင့် ဟောပြောခြင်းနှင့် ၁၈-၆-၂၀၂၂ ရက်နေ့တွင် မြိတ်မြို့ ဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသခြင်းများ ပြုလုပ်ခဲ့ရာတွင် ဆေးကုသခံ လူနာဦးရေ စုစုပေါင်း (၂၁)ဦး အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပါသည်။

ထို့ပြင် ၂၃-၆-၂၀၂၂ ရက်နေ့၌ ထားဝယ်မြို့ ဘိုးဘွားရိပ်သာတွင် တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသမှု ပြုရာတွင် ဆေးကုသခံလူနာဦးရေ စုစုပေါင်း (၁၅)ဦးအား တိုင်းရင်းဆေးပညာဖြင့် ဆေးကုသမှုပေးခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ