ရခိုင်ပြည်နယ်တွင် ကျင်းပသော (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား၌ ကျန်းမာရေးဝန်ကြီးဌာန ပြခန်းသို့ ဝန်ကြီးချုပ် / အနပ တိုင်းမှူး နှင့် အစိုးရအဖွဲ့ဝန်ကြီးလှည့်လည်ကြည့်ရှူ ခဲ့ပါကြောင်း သိရှိရပါသည်။
ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ရှမ်းပြည်နယ် ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ အေးသာယာ(တောင်ကြီး)မှ ဆေးရုံအုပ်နှင့် ဆရာမ(၅)ဦးတို့သည် (၁၁-၂-၂၀၂၃)ရက်နေ့ တွင် တောင်ကြီးမြို့နယ် အေးသာယာမြို့သစ် နယ်မြေ(၆)အကွက်ကြီး (၆၁)ရပ်ကွက်နှင့် သာသနာ့ဝန်ဆောင်ကျောင်းတိုက် တရားရိပ်သာသို့ သွားရောက်ပြီး ရဟန်း (၈)ပါးသီလရှင် (၁၂)ပါး ကျား(၁၉)ဦး မ(၂၆)ဦး စုစုပေါင်း လူနာ(၆၅)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမားရေးစောက်ရှောက်မူလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည် ။
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်း
Thu , Feb 16 2023 - 08 amကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူးဉီးနေဝင်းသည် ပေါင်းတည်မြို့အတွင်းလမ်း မိုးကုတ်ဓမ္မရိပ်သာ၌ (၆-၂-၂၀၂၃ )ရက်နေ့မှ (၁၀-၂-၂၀၂၃)ရက်နေ့ အထိ ကွင်းဆင်းဆေးကုသပေးခဲ့ရာ လူနာဦးရေ ကျား (၃၇)ဦး မ (၄၄)ဦး စုစုပေါင်း (၈၁)ဦး ကို တိုင်းရင်းဆေးပညာဖြင့် ဆေးကုသမှုပေးခဲ့ကြောင်း သိရှိရပါသည်။
ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့ (၁၆) ခုတင်ဆံ တိုင်းရင်းဆေးရုံမှ (၁၀-၂-၂၀၂၃) ရက်နေ့တွင် ရွှေကြို့မြေဘိုးဘွားရိပ်သာ၌ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဆွေဇင်ဖြိုး၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်ဇာလီထက်၊ အငယ်တန်းစာရေး ( ၃ )ဦး တို့သည် လူနာဦးရေကျား ( ၁၁ )ဦး ၊ မ ( ၁၃ )ဦး စုစုပေါင်း( ၂၄)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ဆေးကုသမှုပေးခဲ့ကြောင်း သိရှိရပါသည်။