ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး၊ ဦးမောင်မောင်သန့် အငယ်တန်းစာရေး ဒေါ်အိအိဖြိုးနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်ရင်းဆေးမှူး ဒေါ်မေနှင်းတို့ ပူးပေါင်း၍ ရွှေဂူတောရ၊ တရားစခန်းသို့သွားရောက်၍ ကျား.(၂၀)ဦး၊ မ(၅၀)ဦး၊ စုစုပေါင်း (၇၀)ဦး တို့အား ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြိုနယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်း ဆေးကုသခြင်း
Thu , Feb 16 2023 - 10 amကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြိုနယ် တိုင်းရင်းဆေးကုဌာနမှ ငပုတောမြို့နယ် သက္ကယ်ချောင်းရွာ အခြေခံပညာအလယ်တန်း ကျောင်း၌ ၁၃-၂-၂၀၂၃ ရက်နေ့တွင် လူကြီ(မ- ၄) ဦး၊ ကလေး (ကျား- ၉) ဦး၊ (မ- ၁၀)ဦး၊ စုစုပေါင်း (၂၃)ဦးအား ဆေးကုသမှု့ပေးခဲ့ပြီး အအေးမိ နှာစေးဖြစ်ရခြင်းအကြောင်းနှင့်လိုက်နာရမည့်အချက်များအား လူဦးရေ (၉၀)ဦး အားဟောပြောခဲ့ကြောင်း သိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ကုန်းတန်းကလေးကျေးရွာ တရားစခန်း၌ ကွင်းဆင်းဆေးကုသမှုပေးခဲ့ရာ ကျား(၁၂)ဦး၊ မ(၂၃)ဦး စုစုပေါင်း(၃၅)ဦး အား တိုင်းရင်းဆေးပညာဖြင့် ဆေးကုသမှုပေးခဲ့ပါကြောင်း သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီး ဖြူးတိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်း
Thu , Feb 16 2023 - 09 amဖြူးတိုင်းရင်းဆေးရုံမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်းနှင့် မြို့နယ်တိုင်းရင်းဆေးခန်းမှ ဆေးခန်းမှူး ဒေါ်ဝင်းဝင်းအေး တို့သည် ၁၀-၂-၂၀၂၃ ရက်နေ့တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် အားကစားနှင့်လူငယ်ရေးရာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့နှင့်အတူ