ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြိုနယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်း ဆေးကုသခြင်း
Thu , Feb 16 2023 - 10 amကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြိုနယ် တိုင်းရင်းဆေးကုဌာနမှ ငပုတောမြို့နယ် သက္ကယ်ချောင်းရွာ အခြေခံပညာအလယ်တန်း ကျောင်း၌ ၁၃-၂-၂၀၂၃ ရက်နေ့တွင် လူကြီ(မ- ၄) ဦး၊ ကလေး (ကျား- ၉) ဦး၊ (မ- ၁၀)ဦး၊ စုစုပေါင်း (၂၃)ဦးအား ဆေးကုသမှု့ပေးခဲ့ပြီး အအေးမိ နှာစေးဖြစ်ရခြင်းအကြောင်းနှင့်လိုက်နာရမည့်အချက်များအား လူဦးရေ (၉၀)ဦး အားဟောပြောခဲ့ကြောင်း သိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ကုန်းတန်းကလေးကျေးရွာ တရားစခန်း၌ ကွင်းဆင်းဆေးကုသမှုပေးခဲ့ရာ ကျား(၁၂)ဦး၊ မ(၂၃)ဦး စုစုပေါင်း(၃၅)ဦး အား တိုင်းရင်းဆေးပညာဖြင့် ဆေးကုသမှုပေးခဲ့ပါကြောင်း သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီး ဖြူးတိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်း
Thu , Feb 16 2023 - 09 amဖြူးတိုင်းရင်းဆေးရုံမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်းနှင့် မြို့နယ်တိုင်းရင်းဆေးခန်းမှ ဆေးခန်းမှူး ဒေါ်ဝင်းဝင်းအေး တို့သည် ၁၀-၂-၂၀၂၃ ရက်နေ့တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် အားကစားနှင့်လူငယ်ရေးရာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့နှင့်အတူ
(၇၆) ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် (၁၉) ကြိမ်မြောက် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြပွဲ ပြိုင်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးဌာနမှ ပညာပေးပြခန်းသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦး မျိုးအောင် လှည့်လည်ကြည့်ရှူ ခဲ့ကြောင်း သိရှိရပါသည်။