ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်ကေသီအောင် သည် (၉၊၂၊၂၀၂၃)ရက်နေ့နံနက်(၁၀)နာရီတွင် ဝိုင်းမော်မြို့အမက(၂) မုတ်လွှဲကျောင်း၌ ကွင်းဆင်းဆေးကုသခြင်းနှင့် ရာသီတုပ်ကွေးအကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ရာ ကျောင်းသား(၁၂၉)ဦး၊ ကျောင်းသူ(၁၂၄)ဦးအား အသိပညာပေးခြင်းနှင့် ဆေးကုသခြင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရပါသည်။
ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ အေးသာယာ(တောင်ကြီး)မှ ဆေးရုံအုပ်နှင့် ဆရာမ (၄)ဦးတို့သည် ၁၅-၂-၂၀၂၃ ရက်နေ့တွင် ရွှေညောင်မြို့နယ် အောင်သပြေရပ်ကွက် မိုးကုတ်ဝိပဿနာတရားစခန်းတို့ သွားရောက်ပြီး ကျား(၇)ဦး မ (၃၁)ဦး သီလရှင် (၅)ဦး စုစုပေါင်း ယောဂီ(၄၃)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မူ့လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
ရှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်း
Fri , Feb 17 2023 - 07 amကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ရှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးမျိုးသူလွင်နှင့်ဆေးခန်းအကူတို့သည် ၁၅.၂.၂၀၂၃ နေ့ တွင် ဆိုင်းဖယ်ကျေးရွာ၊ ဟိုတိဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆေးကုသရာ ကျား (၇) ဦး၊ မ (၂၃) ဦး၊ စုစုပေါင်း(၃၀)ဦးအားတို င်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်ခဲ့ပါကြောင်း သိရှိရပါသည်။
ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်လွင်လွင်အေးနှင့် အငယ်တန်းစာရေး ဒေါ်ပိုးပိုးပွင့်ဖြူ တို့သည် ၁၄ -၂ -၂၀၂၃ ရက်နေ့တွင် ပေါင်းတည်ဘိုးဘွားရိပ်သာသို့သွားရောက်၍ လူနာ မ(၁၅)ဦးအား ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ပါသည်။