the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆေးခန်းမှူး ဒေါ်ခင်သိန်းရီနှင့် ဆေးခန်းအကူ ဦးယဥ်ထွန်းတို့သည် ၁၀-၂-၂၀၂၃ ရက်နေ့တွင် ပေါက်ခေါင်းမြို့ ဆည်းဆာရိပ်ငြိမ် ဘိုးဘွားရိပ်သာသို့သွားရောက်၍ အရိုးအဆစ်ရောင်ရောဂါအကြောင်း ပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်ခဲ့ရာတွင် လူနာ ကျား (၄)ဦး မ (၁၆)ဦး လူနာစုစုပေါင်း(၂၀) ဦး အား တိုင်းရင်းဆေးပညာဖြင့် ဆေးကုသမှုပေးခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်းဒေသကြီး  တောင်ငူခရိုင်  ဖြူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ပဲခူးတိုင်းဒေသကြီး  တောင်ငူခရိုင်  ဖြူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၀-၂-၂၀၂၃ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ရာသီအကူးအပြောင်းတွင် ဖြစ်တတ်သောရောဂါများ အကြောင်းကို အသိပညာပေး Talk Show ကိုပြုလုပ်ခဲ့ပါကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါ

ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အစီအစဉ်ဖြင့်ဖွင့်လှစ်သည့် ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၂) သင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၃၈) ဦးတို့အား တိုင်းရင်းဆေးပညာဘာသာရပ်၏ အခြေခံသဘောတရားများ၊ ရာသီအလိုက်ဖြစ်ပွားတတ်သော ရောဂါများနှင့် ဆေးဖက်ဝင်အပင်များအကြောင်းကို သင်ကြားပို့ချခဲ့ပြီး ဆန်းစစ်ချက်မေးခွန်းများ စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်းသိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါ

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့တွင်  ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးမှ ပြခန်းများ ပြသထားကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်