the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် နေပြည်တော် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ‌မှ အကြီးတန်းတိုင်းရင်းဆေးမှူး ဦးစောမြတ်ဘုန်းကြွယ် ဦးဆောင်သောအဖွဲ့၀င် (၈) ဦးသည်‌‌ ၂၅-၂-၂၀၂၃ ရက်နေ့တွင် ဇေယျာသီရိခရိုင် ဇေယျာသီရိမြို့နယ် မွန်းတည့်ခွင်ကျေးရွာ၌ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသခဲ့ရာ စုစုပေါင်းလူနာ (၈၅) ဦးအား တိုင်းရင်းဆေးအမြင်နှင့်ဆီးချိုရောဂါခေါင်းစဉ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး   Face Mask နှင့် တိုင်းရင်းဆေးပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါ

ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး  ဒေါ်သိန်းသိန်းဆွေနှင့်  ဆေးခန်းအကူဒေါ်ဝေမာလွင်သန်း တို့သည် ၂၂-၂-၂၀၂၃ ရက်နေ့တွင် ပြည်မြို့ခေတ္တရာ ဘိုးဘွားရိပ်သာရှိ ဘိုးဘွား ကျား(၅)ဦး၊ မ(၉)ဦး တို့အား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသပေးခဲ့ပါကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါ

ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံမှ ဆရာ/ဆရာမများသည် ၂၂-၂-၂၀၂၃ ရက်နေ့တွင် ဗဟန်းမြို့နယ် အမျိုးသမီး သက်မွေးပညာသင်ကျောင်း၌ ဒုတိယအကြိမ် ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာ ပေးဟောပြောခြင်းနှင့် ဆေးဝါးကုသပေးခြင်းဆောင်ရွက်ခဲ့ရာတွင် လူနာစုစုပေါင်း (၄၀) ဦးကို ဆေးဝါး ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါ

ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ရခိုင်ပြည်နယ် ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်ပါဝင်သော ဆရာ/ဆရာမများအဖွဲ့သည် ၁၉-၂-၂၀၂၃ ရက်နေ့တွင် အဘိုး/အဘွား လူနာစုစုပေါင်း(၃၅)ဦးအား ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်ရာခဲ့ပြီး တိုင်းရင်းဆေးပညာအကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ရာ တက်ရောက်သူဦးရေ (၂၈)ဦး ရှိပါကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်