the republic of the union of myanmar

ministry of health

Department of Traditional Medicine

Drug News

ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ အစည်းအဝေး (၂/၂၀၁၉) ဆုံးဖြတ်ချက်အရ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါးထုတ် လုပ်ခွင့်လိုင်စင်ကတ်ပြားများအား သက်ဆိုင်ရာတိုင်းဒေသကြီးဦးစီးဌာနမှူးရုံးတွင်ထုတ်ပေးနိုင်ပါရန် အတွက် အောက်ဖော်ပြပါအတိုင်း လွှဲပြောင်းပေးပို့ပါသည် -

ဆက်လက်ဖတ်ရှုပါ

၁။      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ် အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင် ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက်ရှိပါသည်။

၂။       ယင်းသို့စစ်ဆေးရာတွင် စျေးကွက်အတွင်းရောင်းချလျက်ရှိသော အောက်ဖော်ပြပါတိုင်းရင်း ဆေးဝါးသည် အနောက်တိုင်းဆေးရောနှောပြီး မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးဖြစ်သဖြင့်  စစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန်မသင့်လျော် ကြောင်း အသိပေးအပ်ပါသည်။

ဆက်လက်ဖတ်ရှုပါ

ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး(၁/၂၀၁၆)၊ (၂/၂၀၁၆)၊(၁/၂၀၁၇)၊ (၂/၂၀၁၇)၊ (၄/၂၀၁၇)၊ (၅/၂၀၁၇)၊ (၁/၂၀၁၈)၊ (၂/၂၀၁၈)၊ (၃/၂၀၁၈)၊ (၄/၂၀၁၈) နှင့် (၁/၂၀၁၉) တို့၏ ဆုံးဖြတ်ချက်အရ  လိုအပ်ချက်များ ထုတ်ပြန်ကြော်ငြာထားရှိပြီးဖြစ်သော်လည်း ပြင်ဆင်ရန် ကျန်ရှိသောတိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)(၈၄)မျိုးအားစာရင်းပြုစု၍ပူးတွဲပါအတိုင်း ထုတ်ပြန် ကြော်ငြာလိုက်သည်။

ဆက်လက်ဖတ်ရှုပါ

ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ လျှောက်ထားလာသည့် တိုင်းရင်းဆေးဝါးထုတ်လုပ် ခွင့်လိုင်စင် (ဖြည့်စွက်) များအနက်မှ (၃.၆.၁၉) ရက်နေ့မှ (၁၄.၆.၁၉) ရက်နေ့ထိ ခွင့်ပြုပြီးဖြစ်သော (၁၉) စောင်စာရင်းကို ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း