ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ လျှောက်ထားလာသည့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင် (သက်တမ်းတိုး) လျှောက်ထားခြင်းကိစ္စများနှင့်ပတ်သက်၍ လိုအပ်ချက်စာရင်း ကို ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ (၂၉-၉-၂၀၁၆) ရက်နေ့ တွင် လျှောက်ထားလာ သော တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်) လျှောက်ထားခြင်းအတွက် ဒုတိယအကြိမ် ဓါတ်ခွဲရန် လိုအပ်သော လျှောက်လွှာ (၁)စောင် အား ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေးအဖွဲ့၏ (၂၂-၇-၂၀၁၆)ရက်နှင့်(၆-၈-၂၀၁၆) ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့သော အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၆)နှင့်(၃/၂၀၁၆) အစည်းအဝေး ဆုံးဖြတ်ချက်အရ ခွင့်ပြုခဲ့သည့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် (သက်တမ်းတိုး) စာရင်းကို ပူးတွဲပါအတိုင်းထုတ်ပြန်ကြော်ငြာလိုက်သည်။
၁။ ဆေးဝါးထုတ်လုပ်ပုံ အဆင့်ဆင့်တွင် ဆေးပစ္စည်းများအား စဉ့်အိုးနှင့်စိမ်၍ အသုံးပြုပါက ဆေးတွင် ခဲဓါတ် (Lead) ပါဝင်နိုင်သောကြောင့် စဉ့်အိုးနှင့် စိမ်ခြင်း မပြုလုပ်ရန်၊