ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး (၅/၂၀၁၇)၊ (၂/၂၀၁၈)၊ (၄/၂၀၁၈)၊ (၃/၂၀၁၉)တို့၏ ဆုံးဖြတ်ချက်အရ လိုအပ်ချက်များပြင်ဆင်ပြီးပြည့်စုံ၍ခွင့်ပြုသော တိုင်းရင်းဆေးဝါး မှတ်ပုံတင်(အသစ်) (၁၈)မျိုးအား (၁-၁၁-၂၀၁၉)ရက်နေ့မှ (၃၀-၁၁-၂၀၁၉)အထိ ခွင့်ပြုခဲ့ပြီးဖြစ်ပါ၍ ကတ်ပြားလာရောက် ထုတ်ယူရန် ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
ခွင့်ပြုကတ်ပြားထုတ်ယူခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များက ကတ်ပြားထုတ်ယူရန် အကြောင်းကြားစာထုတ်ပြန်သည့်နေ့မှစ၍ (၃)လအတွင်း တိုင်းရင်းဆေးဝါးမှတ်ပုံတင် (အသစ်) ကတ်ပြားများကို ထုတ်ယူရမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။