the republic of the union of myanmar

ministry of health

Department of Traditional Medicine

Activities

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနက ကြီးမှူး၍ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသော (၈)ကြိမ်မြောက် မဲခေါင်ဒေသတွင်း နိုင်ငံများ၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အစည်းအဝေးကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ကျင်းပခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါ

ဂျပန်နိုင်ငံ University of Miyazaki, Faculty of medicine မှ Dean Dr. Masugi Maruyama ဦးဆောင်သော  အဖွဲ့ဝင်များနှင့် ၂၀၁၆ ခုနှစ် မေလ ၁၇ ရက်နေ့တွင်၊ လေ့ကျင့်သင်ကြားရေးကိစ္စရပ်များနှင့် အလားအလာရှိသော ဆေးဖက်ဝင်အပင်များ၏ သုတေသနလုပ်ငန်းများအကြောင်း အဓိကထား၍ ဆွေးနွေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါ

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဌာနဆိုင်ရာ ရုံးလုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ရက်တိုသင်တန်း အမှတ်စဉ်(၁/၂၀၁၆) သင်တန်းသား၊ သင်တန်းသူများ တွေ့ဆုံပွဲ အခမ်းအနားကို အမျိုးသားပရဆေးဥယျာဉ် နေပြည်တော်၌ ၂၀၁၆ ခုနှစ် မေ လ ၂၀ ရက်နေ့၊ နံနက်(၀၈ : ၀၀)နာရီ တွင် တွေ့ဆုံအမှာစကား မြွက်ကြားခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးပြောကြားခဲ့သော မိန့်ခွန်း အပြည့်အစုံမှာ....

ဆက်လက်ဖတ်ရှုပါ

မြန်မာ့တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် တိမ်မြုပ်ပျောက်ကွယ်နေသည့် တိုင်းရင်းဆေးကုထုံးများကို ရှာဖွေဖော်ထုတ်ရန် လိုအပ်ပါကြောင်း၊ မြန်မာ့တိုင်းရင်းဆေးပညာကို ကမ္ဘာက စံပြုနိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ၂၀၁၆ ခုနှစ် မေလ ၂၀ ရက်နေ့ နံနက် ၈ နာရီက နေပြည်တော်ရှိ အမျိုးသားပရဆေးဉယျာဉ် ပင်မရှင်းလင်းဆောင်၌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုင်းရင်းဆေးပညာဦးစီးဌာန ဌာနဆိုင်ရာရုံးလုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ရက်တိုသင်တန်း အမှတ်စဉ်(၁/၂၀၁၆)မှ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံစဉ်ပြောကြားသည်။

ဆက်လက်ဖတ်ရှုပါ

လားရှိုးတက္ကသိုလ်၊ ရုက္ခဗေဒအထူးပြု ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပထမနှစ်မဟာတန်း၊ ဒုတိယနှစ်မဟာတန်း ကျောင်းသား/ကျောင်းသူ (၇၃)ဦးနှင့် ကြီးကြပ်သူ ဆရာ/ဆရာမ(၁၃)ဦး တို့သည် ၂၀၁၆ ခုနှစ် မေလ ၂၈ ရက်နေ့တွင်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အမျိုးသားပရဆေးဥယျာဉ်အတွင်းရှိ တိုင်းရင်းဆေးပညာဦးစီးဌာန ပြတိုက်သို့ လာရောက်၍ လေ့လာကြည့်ရှုခဲ့ ကြပါသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း