the republic of the union of myanmar

ministry of health

Department of Traditional Medicine

Activities

တိုင်းရင်းဆေးတက္ကသိုလ်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၇-၉-၂၀၂၃ ရက်နေ့၊ နံနက် ၁၀ နာရီမှ ၁၂ နာရီထိ လူငယ်နှင့် ဗလငါးတန်ဖွံ့ဖြိုးရေး၊ လူငယ်နှင့် ပြည်သူ့နီတိ၊ လူငယ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ခေါင်းစဉ်များဖြင့် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

မွန်ပြည်နယ် သထုံခရိုင်၊သထုံမြို့နယ်တိုင်းရင်းဆေးကုဌာနမှနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စမ်းသီတာလှိုင်က သွေးတိုးရောဂါအကြောင်းနှင့် ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်အိသွယ်မိုးက ခါးနာရောဂါအကြောင်း Talk Show  ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကော့သောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးမောင်မောင်မြင့်ဦးသည် ၁၈-၉-၂၀၂၃ ရက်နေ့တွင် ကော့သောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ သောင်းခရိုင်ရုံး၌ တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာ Talk Show အစီအစဥ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၉.၉.၂၀၂၃)ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဟေမာသန်းထွန်းနှင့် လ/ထတိုင်းရင်းဆေးမှူး ဒေါ်ရွှေယမင်းဦးတို့ ကွင်းဆင်းအဖွဲ့သည် (၅)ရပ်ကွက်၌ အခမဲ့ကွင်းဆင်းဆေးကုသမှူဆောင်ရွက်ရာတွင်  ကျား(လူကြီး)၇ဦး၊ မ(လူကြီး)၂၀ဦးနှင့် ကျား(ကလေး)၁ဦး၊ မ(ကလေး)၂ဦး စုစုပေါင်း(၃၀)ဦးရှိပြီး သိမှတ်ဖွယ်ရာ တိုင်းရင်းဆေးပင် များနှင့် အခြေခံတိုင်းရင်းပညာအကြောင်းများကိုဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရှမ်းပြည်နယ် အရှေ.ပိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ.ဝင် (၂) ဦးမင်းညိုသည် ၁၈.၉.၂၀၂၃ ရက်နေ့တွင် ကျိုင်းတုံဆေးရုံ၊ ခရိုင်၊မြို့နယ်တို့ရှိဝန်ထမ်းများနှင့် တွေ့ဆုံပြီးလိုအပ်ချက်များရှိက တင်ပြကြရန်နှင့် ဆေးရုံ တက်ရောက်ကုသနေသည့် ​ဒေသခံ ပြည်သူများကိုကြည့်ရှူအားပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း