၂၀၂၄ ခုနှစ်၊ မေလ(၂၁)ရက်နေ့၊ နေ့လယ်(၂:၀၀)နာရီ တွင် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်၌ ၂၀၂၄ ခုနှစ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ အလုပ်သင်ဆရာ၊ ဆရာမများ၏ အလုပ်သင် စာတမ်းဖတ်ပွဲ (Clinical Meeting) အခမ်းအနားကျင်းပပြုလုပ်ခဲ့ပြီး သဘာပတိအဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန် (အကြီးတန်းတိုင်းရင်းဆေးမှူး) ဦးမြင့်ကျော်ဦးက ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ ရန်ကုန်က မနေခြည်ပိုင်ထွန်း (သင်-၁) နှင့် မနန့်အိုင်ပွားဟှီ (သင်-၆)တို့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနား၌ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန် အထွေထွေရောဂါကုဌာန မှ မောင်အောင်မျိုးအေး(သင်- ၂၁)သည် “Myelopathy due to Spinal Hemangiomas” ခေါင်းစဉ်ဖြင့် ဖတ်ကြားဆွေးနွေးပြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ ဆေးရုံအုပ်ကြီး နှင့် ဆရာ၊ ဆရာမ စုစုပေါင်း(၃၀)ယောက်တက်ရောက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီးနောက် အခမ်းအနားကို ညနေ (၃:၃၀)နာရီတွင်အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။