ဂျပန်နိုင်ငံ Institute of Natural Medicine, University of Toyama, Japan မှ Mr. Mijio Kojima, Prof. Dr. Prof. Katsuhiro Konno, Assistant Prof. Kohei Kazuma နှင့် Dr. Naoko Anjiki တို့ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ၅.၁၂.၂၀၁၆ ရက်နေ့ နေ့လယ်ပိုင်းက တိုင်းရင်းဆေးပညာဦးစီးဌာနသို့လာရောက်၍ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်နှင့် အဖွဲ့အား လာရောက်တွေ့ဆုံကာ University of Toyama နှင့် တိုင်းရင်းဆေးပညာ ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းကြသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။