the republic of the union of myanmar

ministry of health

Department of Traditional Medicine

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်တိုင်းရင်းဆေးကုဌာနမှ (၂၁-၁၁-၂၀၂၅) ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သက်ထားဆွေ ဦးဆောင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် မုံရွာမြို့မြန်မာ့စီးပွား ရေးဘဏ်တွင် ပင်စင်လစာ လာရောက်ထုတ်ယူကြသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက် ပေးခဲ့ရာ ကျား (၄၈)ဦး၊ မ (၈၀)ဦး၊ လူနာ စုစုပေါင်း (၁၂၈)ဦး တို့အား တိုင်းရင်းဆေးဖြင့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း