(၁) အမျိုးသားကျန်းမာရေးမူဝါဒနှင့်အညီ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန်
(၂) တိုင်းရင်းဆေးတက္ကသိုလ်မှ မွေးထုတ်ထားသည့် တိုင်းရင်းဆေးဆရာများအား ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုထိရောက်တွင်ကျယ်စွာ ဆောင်ရွက်ရန်အတွက် တိုင်းရင်းဆေးကုဌာနများနှင့် တိုင်းရင်းဆေးရုံများ တိုးချဲ့ ဖွင့်လှစ်ဆောင်ရွက်ရန်
(၃) တိုင်းရင်းဆေးတက္ကသိုလ်မှ မွေးထုတ်လိုက်သော တိုင်းရင်းဆေးဆရာများအား အရည်အသွေးပြည့်ဝစေရေးအတွက် ပြည်တွင်း/ပြည်ပ သင်တန်းများ စေလွှတ်ရန်
(၄) အရည်အသွေးပြည့်ဝသော တိုင်းရင်းဆေးဝါးများ ပေါ်ထွက်လာစေရေးအတွက် သုတေသနဓာတ်ခွဲစစ်ဆေး၍ G.M.P အဆင့်မြှင့်စက်ရုံမှ အရည်အသွေးမှီ ဆေးဝါးများ ထုတ်လုပ်ရန်
(၅) အရည်အသွေးပြည့်ဝသည့် ပရဆေးကုန်ကြမ်းများရရှိရေးအတွက် ပရဆေး ဥယျာဉ်များ ပြုပြင်၊ မွမ်းမံ၊ တိုးချဲ့ဖွင့်လှစ်၍ ရှားပါးပရဆေးပင်များ ထိန်းသိမ်းရန်
(၆) တိုင်းရင်းဆေးဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေး မြှင့်တင်နိုင်ရေးအတွက် တိုင်းရင်းဆေးညီလာခံများ၊ တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ရန်