မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်မိုးဝေသည် (၉.၇.၂၀၂၅)ရက်နေ့တွင် ညောင်ဦးမြို့ရွှေစည်းခုံစေတီတော်တွ၌ ပြုလုပ်ကျင်းပသော ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ကွင်းဆင်းဆေးကုသမှုလုပ်ငန်းဆောင်ရွက်ခဲ့ရာ ကျား ၁၂ ဦး၊ မ ၁၈ ဦး စုစုပေါင်း လူနာ ၃၀ ဦးအား ဆေးကုသဆောင်ရွက်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။