the republic of the union of myanmar

ministry of health

Department of Traditional Medicine

မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

       ကမ္ဘာနိုင်ငံအသီးသီးတွင် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် လုပ်ငန်းများ အနက် ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းလည်းပါဝင်ပါသည်။ ၎င်းအခန်းကကို သက်ဆိုင်ရာနိုင်ငံတို့၏ ကျန်းမာရေးဆိုင်ရာတာဝန်ရှိပညာရှင်တို့က အလေးအနက်ပြု၍ အကောင် အထည်ဖော် ဆောင်ရွက်နေကြပါသည်။

ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၏ အဓိကမှာ အဖြစ်များသည့် ကျန်းမာရေး ပြဿနာများနှင့် ၎င်းတို့ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သည့် နည်းလမ်းများအကြောင်းကို သက်ဆိုင်ရာ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိပညာရှင်တို့က ပညာပေးခြင်းလုပ်ငန်းလည်းတစ်ခု အပါအဝင်ဖြစ်သည်။

       အနောက်တိုင်းဆေးသိပ္ပံပညာရပ်ဖြင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်(၈)ရပ် ချမှတ်ထားရာ လူသားတို့ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအတွက် ဆေးသိပ္ပံပညာရပ်ပေါ်တွင် လုံးလုံးလျားလျား မှီခိုအားထားခြင်းသာမက Alternative Medicine (ပေါင်းကူးဆေးပညာ) ကိုလည်း မှီခိုအားထားနေကြရပါသည်။ ၎င်းတို့ထဲမှ  Alternative Medicine တွင် နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် အသီးသီးရှိနေသော အတွေ့အကြုံအခြေခံသည့် တိုင်းရင်းဆေးပညာရပ်သည်လည်း ပဓာနကျသည့် အခန်းကမှ ပါဝင်လျက်ရှိပါသည်။ လူသားတို့သည် ခေတ်အဆက်ဆက်တွင် သက်ဆိုင်ရာ တိုင်းရင်းဆေးပညာရပ်များကို မပစ်ပယ်ရုံသာမက တိုးတက်ဖွံ့ဖြိုးအောင် ထိန်းသိမ်း မြှင့်တင်လျက်ရှိ ကြပါသည်။

       ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်နှင့်ပတ်သက်၍ မြန်မာ့တိုင်းရင်းဆေးပညာတွင် လမ်းညွှန်ပြသထားသည့်နည်းလမ်းမှာ  “ကံ၊ စိတ်၊ ဥတု၊ အာဟာရ”တည်းဟူသော သမုာန် (၄)ပါး ညီညွတ်မျှတ လိုက်လျောညီထွေစွာ နေထိုင်၊ ကျင့်ကြံ၊ ပြုမူ၊ စားသောက်ကြရေးသည် အရေးကြီး ကြောင်းကို ပညာပေးလမ်းညွှန်ထားပြီးဖြစ်ပါသည်။ ယခုအခါ ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်(၈)ရပ်ထဲတွင် အကျုံးဝင်သည့် အဖြစ်များသော ကျန်းမာရေး ပြဿနာများနှင့် ၎င်းတို့ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သည့်နည်းလမ်းများမှ မိုးဥတုတွင် ဖြစ်လေ့ရှိသော ရောဂါအချို့ အား တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်းကို မကြာမီ မိုးဥတုသို့ ရောက်ရှိလာတော့မည် ဖြစ်သည့် အတွက် တိုင်းရင်းဆေးပညာ ရှုထောင့်မှ ရေးသားတင်ပြလိုက်ပါသည်။   

ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ