the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဖွံဖြိုးရေး တိမ်မြုပ်နေသည့် တိုင်းရင်းဆေးကုထုံးများ ရှာဖွေရန်လိုအပ် (၂၀၀၆ ခုနှစ်၊ မေလ ၂၀ ရက်နေ့မြန်မာ့အလင်းသတင်းစာပါ သတင်းစဉ် )

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

မြန်မာ့တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် တိမ်မြုပ်ပျောက်ကွယ်နေသည့် တိုင်းရင်းဆေးကုထုံးများကို ရှာဖွေဖော်ထုတ်ရန် လိုအပ်ပါကြောင်း၊ မြန်မာ့တိုင်းရင်းဆေးပညာကို ကမ္ဘာက စံပြုနိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ၂၀၁၆ ခုနှစ် မေလ ၂၀ ရက်နေ့ နံနက် ၈ နာရီက နေပြည်တော်ရှိ အမျိုးသားပရဆေးဉယျာဉ် ပင်မရှင်းလင်းဆောင်၌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုင်းရင်းဆေးပညာဦးစီးဌာန ဌာနဆိုင်ရာရုံးလုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ရက်တိုသင်တန်း အမှတ်စဉ်(၁/၂၀၁၆)မှ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံစဉ်ပြောကြားသည်။

 

သုတေသနလုပ်ငန်းများကိုလည်း ယခုထက်ပိုမို ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ မျိုးဆက်သစ်တိုင်းရင်းဆေးပညာရှင်များ အရည်အသွေးပြည့်ဝစေရန် သင်ကြားမှုနည်းစနစ်သည် အရေးကြီးပါကြောင်း၊ တိုင်းရင်းဆေးတက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းများ၊ သင်ကြားမှုနည်းစနစ်များ ပြန်လည်သုံးသပ်ရန်လိုအပ်မည်ဖြစ်ပါကြောင်းနှင့် ထိုသို့ဆောင်ရွက်ရာတွင် တိုင်းရင်းဆေးပညာရှင် သမားတော်ကြီးများထံမှ အကြံဉာဏ်များရယူဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပရဆေးဉယျာဉ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး ပညာရှင်များထံမှ အကူအညီများရယူဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ အလားတူ ဆေးဝါးထုတ်လုပ်ရေးနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း နှီးနွယ်ဝန်ကြီးဌာန ဦးစီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

 

ယခုဖွင့်လှစ်လျက်ရှိသည့် သင်တန်းသားများအပြင် မွမ်းမံသင်တန်းများလည်း ထပ်မံဖွင့်လှစ် ရန် လိုအပ်မည်ဖြစ်ပါကြောင်း ထုတ်လုပ်ရောင်းချလျက်ရှိသည့် တိုင်းရင်းဆေးဝါးများအပေါ် Post Marketing Surveillance များ ဆောင်ရွက်ရန်နှင့် တိုင်းရင်းဆေး ပညာရှင်များအနေဖြင့် တိုင်းရင်းဆေးပညာကျင့်ဝတ်များကို တိတိကျကျလိုက်နာစောင့်ထိန်းကာ ပြည်သူလူထုအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးကြရန်ဖြစ်ပါကြောင်း ပြောကြားသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ အမြဲတန်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်အဆင့် တိုင်းရင်းဆေးပညာဦးစီး ဌာနမှူးများ၊ ဆေးရုံအုပ်များ၊ ဘဏ္ဍာရေးဆိုင်ရာ အရာထမ်းများ တက်ရောက်ခဲ့ကြ ကြောင်း သတင်း ရရှိသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း