UNITED NATIONS ENVIROMENT PROGRAMME မှ Dr Francis Vorhies (ACB/UNEP consultant) နှင့် အဖွဲ့သည် ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနသို့ လာရောက်၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရီရီမြင့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး၊ ညွှန်ကြားရေးမှူးများ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး Filling the Traditional Knowledge gap in support of Myanmar’s commitments under the NAGOYA Protocol နှင့် ပတ်သက်သည့် ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။