ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်ခရိုင် ကျောက်တန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြိုနယ်တိုင်းရင်းဆေးမှူး ဒေါ်သူဇာလွင် ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ၁၉.၅.၂၀၂၃ ရက်နေ့ သောကြာနေ့ နေ့လယ် ၁း၀၀ နာရီမှ ၃း၀၀အထိ မဟာဂန္ဓာရုံပရိယတ္တိစာသင်တိုက်၌ သံဃာတော်များအား မိုးရာသီတွင်ဖြစ်ပွားသောရောဂါများ အကြောင်း ပညာပေးဟောပြောခဲ့ပြီး တိုင်းရင်းဆေးပညာလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်၊ အဆိုပါနေရာ၌ပင် ကွင်းဆင်း ဆေးကုသ မှုဆောင်ရွက်ရာတွင် လူနာ လူကြီး ကျား(၁၉) ဦး ၊ လူကြီး မ(၁)ဦး စုစုပေါင်း(၂၀)ဦးအား တိုင်းရင်းဆေးဖြင့် အခမဲ့ဆေးကုပေးခဲ့ပါကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။