ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ တွဲဖက်၊ တာဝန်ခံ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ကေဇင်စိုး ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ၁၉.၅.၂၀၂၃ ရက်နေ့တွင် ရတနာသီရိစာသင်တိုက်၌ သီလရှင်ဆရာလေးများနှင့် ဒကာ၊ဒကာမ (၃၀)ဦးအား ရာသီတုပ်ကွေးနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ကိုဗစ်-၁၉နှင့်ပတ်သက်၍ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ လက်ကမ်းစာစောင်များဝေခြင်းတို့ ပေးဝေခဲ့ပြီး သီလရှင်ဆရာလေးများနှင့် ဒကာ၊ဒကာမများ စုစုပေါင်း(လူကြီး) ကျား=(၁)ဦး ၊လူကြီး မ=(၂၄)ဦး၊ ပေါင်း=(၂၅)ဦး တို့အား တိုင်းရင်းဆေးဝါးများအခမဲ့ပေးဝေကာ ကွင်းဆင်းဆေးကုသခဲ့ပါကြောင်း သိရှိရသည်။