ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၁၀.၅.၂၀၂၃ ရက်နေ့တွင် ဖျာပုံမြို့အမှတ်(၄)ရပ်ကွက်မင်းကျောင်းတရားရိပ်သာ၌ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာတွင် လူနာကျား(၉)ဦး၊ မ(၃၁)ဦး စုစုပေါင်း(၄၀)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။