the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး ခုတင် ၁၀၀ ဆံ့တိုင်းရင်းဆေးရုံ၏ ဗဟန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ပြီး ဆေးရုံဝန်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်း

၁၄-၈-၂၀၂၂ နေပြည်တော်

ရန်ကုန်တိုင်းဒေသကြီး ခုတင် ၁၀၀ ဆံ့တိုင်းရင်းဆေးရုံသည် ဗဟန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်မှုဖြင့် ၁၃-၈-၂၀၂၂ ရက်နေ့ နံနက် (၇ : ၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့ ၊ ဗဟန်းမြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊  ကြက်ခြေနီအဖွဲ့တို့ပူးပေါင်းပြီး အင်အား(၁၂၀)ခန့်ပါဝင်သော အဖွဲ့များသည် ဆေးရုံမျက်နှာစာ၊ အထောက်အကူပြု ပရဆေးဥယျာဉ်၊ ပြင်ပလူနာဌာနအဆောင်၊  အတွင်းလူနာ ဌာနအဆောင်၊ သံဃာဆောင်ပတ်ဝန်းကျင်ရှိ မီးကြိုးမလွတ်ကင်းသည့် အပင်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများ သန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်သရှိုက်များရှင်းလင်းခြင်းနှင့် ရေလှောင်ကန်များအတွင်းသို့ ပိုးလောက်လန်၊ ခြင်၊ ယင်များ ပေါက်ပွားမှုမရှိဆောင် ပိုးသတ်ဆေးခတ်ခြင်းတို့ဆောင်ရွက်ပေးခဲ့ပြီး သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းကို နံနက် (၁၀ : ၀၀)နာရီတွင်  ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ