the republic of the union of myanmar

ministry of health

Department of Traditional Medicine

သုံးစွဲရန်မသင့်သော Botanical Beverage တစ်မျိုးနှင့်ပတ်သက်၍ အသိပေးကြေညာချက်

ASEAN Post-marketing Alert System ဖြင့် အကြောင်းကြားမှုအရ စင်္ကာပူနိုင်ငံရှိ Health Sciences Authority (HSA) ၏ စျေးကွက်ထောက်လှမ်းခြင်းနှင့် နမူနာကောက်ယူ စစ်ဆေးခြင်း လုပ်ငန်းစဉ်တွင် သုံးစွဲသူတို့၏ အကြောင်းကြားမှုအရ Botanical Beverage (၁)မျိုး ဖြစ်သော Queenz Mango Xsliim Botanical Beverage ကို စစ်ဆေးရာ အနောက်တိုင်းဆေး Sibutramine (banned substance) နှင့် Sennoside (laxative)  ရောနှောပါဝင်နေသည်ကို တွေ့ရှိရသည့်အတွက် သောက်သုံးရန် မသင့် ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

သို့ဖြစ်ပါ၍ ၄င်းဆေးဝါးများကို Online တွင် တရားမဝင်ရောင်းချခြင်းများရှိပါက ပြည်သူများ အနေဖြင့် အဆိုပါကျန်းမာရေးဓာတ်စာများ၏ ဘေးအန္တရာယ်ကို သိရှိနိုင်ရန်နှင့် ဝယ်ယူသုံးစွဲမှုမပြုရန် အသိပေးကြေညာအပ်ပါသည်။

 

ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ