သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ(ICT) အိုင်စီတီလုပ်ငန်းဌာန
၁။Website လုပ်ငန်း URL: www.dtm.gov.mm
က။ တိုင်းရင်းဆေးပညာဦးစီးဌာနရှိ ဌာနခွဲအသီးသီးမှ website ပေါ်သို့ သတင်းတင်ရန် ပေးပို့လာသည့် အချက်အလက်များကို website တွင် ဖော်ပြပေးခြင်း၊
ခ။ စဉ်ဆက်မပြတ် up to date ဆောင်ရွက်ပေးခြင်း၊
ဂ။ အမြဲမပြတ် စစ်ဆေးစောင့်ကြည့်နေခြင်း၊
ဃ။ သက်ဆိုင်ရာဌာနခွဲအသီးသီးမှ သတင်းတင်ရန် ပေးပို့လာပါက soft copy အား web format ပြုပြင်ပေးခြင်း။
င။ Website တင်သော သတင်းများအားလုံးအား database ပြုစုခြင်း၊
စ။ Telegram Channel (View of TM) ပေါ်သို့ တပြိုင်းတည်သတင်းအဖြစ် ဖော်ပြပေးခြင်း၊
ဆ။ DTM -Youtube ပေါ်သို့ ဌာန၏ MOVIE များ တင်ခြင်း၊
၂။ e-Services လုပ်ငန်း
တိုင်းရင်းဆေးပညာဦးစီးဌာန၏ Website မှတဆင့် e-Services လုပ်ငန်းကို ဆောင်ရွက် ပါသည်။ https://www.dtm.gov.mm/e_services/
က။ တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး)ခြင်းလုပ်ငန်း၊
ခ။ တိုင်းရင်းဆေးဝါးကြော်ငြာစိစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပါသည်။
၃။ e-Government ဆိုင်ရာ ဝင်စာများအား အကြောင်းပြန်ကြားခြင်းလုပ်ငန်း
၄။ ဌာန ၏ Network များ ပြုပြင်/ထိန်းသိမ်းခြင်းလုပ်ငန်း
၅။ ဌာန၏ email အား ထိန်းသိမ်းခြင်းလုပ်ငန်း
၆။ Computer နှင့်ဆိုင်သော တင်ဒါ ကိစ္စများဆောင်ရွက်ခြင်းလုပ်ငန်း
၃။ PFP web portal ပေါ်တွင် အဂတိဆိုင်ရာကိစ္စများအား ဆောင်ရွက်ခြင်း လုပ်ငန်း
(အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းစဉ်များကို ဆောင်ရွက်ခြင်း)
PFP web portal တွင် CPU Toolkit Web Application အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်အား DEO Account နှင့် PBE Mechanism ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဆောင်ရွက်ခြင်း၊ DEO Account များ၏ web portal ပေါ်သို့ data တင်ခြင်းကိစ္စကို data ပြုစုခြင်း၊ 1.1.1.1 ဖြင့် ပြည်သူများထံ message ပို့ ၍ ကမ်ပိန်း run ခြင်း၊
ပြည်သူများထံမှ အကြံပြုချက် မက်ဆေ့ message ရရှိပါက ဌာနအကြီးအကဲအား တင်ပြ၍ ပြန်လည် ဖြေရှင်းစာပြုစုပြီး ကျန်းမာရေးဝန်ကြီးဌာန နှင့် ဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့သို့ ပြန်လည်ရှင်းလင်း တင်ပြခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ပါသည်။
မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ လွှင့်တင်ထားသည့် DTM-Website မှ နိုင်ငံအလိုက်ဝင်ရောက်ကြည့်ရှုမှုစာရင်းအား ပြုစု တင်ပြခြင်း၊
တိုင်းရင်းဆေးပညာဦးစီးဌာနသည် ဌာနတွင် ဝန်ဆောင်မှုရယူခဲ့ကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် “1111” အသုံးပြု၍ SMS မှတဆင့် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် မေးခွန်းများ မေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် “အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme- PFP) ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
တိုင်းရင်းဆေးပညာဦးစီးဌာန၏ e-Government ဆိုင်ရာ လုပ်ငန်းများ တိုးတက်ဆောင်ရွက်မှုအခြေအနေ (၁၂/၂၀၂၅) ရက်နေ့အထိ
- တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရုံးအမှတ်(၄-ဂ) တွင် Fiber Line (100 Mbps)ရရှိ သုံးစွဲနေပြီးဖြစ်ပါသည်။
- တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်) တစ်ခုလုံး၏ Network အား LAN အနေဖြင့် (Switch, Firewall, PC, Laptop) wifi များဖြင့် ချိတ်ဆက်အသုံးပြုနေပြီး ဖြစ်ပါသည်။
- ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်၍ Domain Name အမည် https://www.dtm.gov.mm ဖြင့် website တစ်ခုလွှင့်တင်တည်ထောင်ထားရှိပြီးဖြစ်ပြီး
ဌာန၏ Official Email: dtm@mohs.gov.mm / dtm.eservices@mohs.gov.mm တို့ အသုံးပြု၍ လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်ပါသည်။
- တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် တိုင်းရင်းဆေးတက္ကသိုလ်၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ တိုင်းဒေသကြီးဦးစီးဌာနမှူးရုံး/ ပြည်နယ်ဦးစီးဌာနမှူးရုံးများ၊ ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံ၊ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်)၊ တိုင်းရင်းဆေးဝါးစက်ရုံ(ရန်ကုန်၊ မန္တလေး) တို့နှင့် Official email များအသုံးပြု၍ အပြန်အလှန် ဆက်သွယ် ဆောင်ရွက်နေပြီဖြစ်ပါသည်။
e-Services လုပ်ငန်း
- တိုင်းရင်းဆေးဝါးမှတ်ပုံတင်သက်တမ်းတိုးခြင်းလုပ်ငန်းနှင့် တိုင်းရင်းဆေးဝါးကြော်ငြာဆိုင်ရာကိစ္စရပ်များကို (၂၀-၂-၂၀၂၀) ရက်နေ့မှစတင်၍ Online Registration စနစ်ဖြင့် လုပ်ငန်းများအား စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။
- တိုင်းရင်းဆေးဝါးမှတ်ပုံတင်သက်တမ်းတိုးခြင်းလုပ်ငန်းအတွက် သက်တမ်းလွန်ကြေးပေးဆောင်ရမည့်သူများအနေဖြင့်လည်း e-services မှ တစ်ဆင့် သက်တမ်းလွန်ကြေးများ ပေးဆောင်နိုင်ပြီ ဖြစ်ပါသည်။
တိုင်းရင်းဆေးတက္ကသိုလ်
-တိုင်းရင်းဆေးတက္ကသိုလ်တွင် Domain အမည် https://www.utm.edu.mm ဖြင့် website တစ်ခုထူထောင်ထားရှိပြီး ဖြစ်ပါသည်။
- တိုင်းရင်းဆေးတက္ကသိုလ်တွင် Fiber Internet line Speed (50 Mbps)ဖြင့် သုံးစွဲနေပြီ ဖြစ်ပါသည်။