တိုင်းရင်းဆေးဖုံများနှင့် ကုထုံးနည်းအသစ်များ ပေါ်ပေါက်လာစေရေးအတွက် တိုင်းရင်းဆေးသုတေသနလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ရန်
အဆိုပြုချက်
(၁၉) ကြိမ်မြောက်မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံသို့ တက်ရောက်လာကြပါသော သဘာပတိနဲ့တကွ ညီလာခံ ကိုယ်စားလှယ် တော်များ၊ ဖိတ်ကြားထားသော ပညာရှင်များ၊ ခန်းမဝင် ဧည့်ပရိတ်သတ်များ အားလုံး မင်္ဂလာပါ ခင်ဗျာ/ရှင့်…
ကျွန်တော်/ကျွန်မကတော့ --------------------------------------------- ညီလာခံကိုယ်စားလှယ် အဖြစ်တက်ရောက်လာတဲ့ ------------------ ဖြစ်ပါတယ်။ ဒီကနေ့ကျွန်တော်/ကျွန်မတင်သွင်းမယ့် အဆိုကတော့ တိုင်းရင်းဆေးဖုံများနှင့် ကုထုံးနည်းအသစ်များ ပေါ်ပေါက်လာစေရေးအတွက် တိုင်းရင်း ဆေးသုတေသနလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ရန် အဆိုပဲ ဖြစ်ပါတယ်ခင်ဗျာ/ ရှင်…
လေးစားအပ်ပါသော သဘာပတိကြီးနှင့် သဘာပတိ အဖွဲ့ဝင်များ ခင်ဗျား/ရှင့်။ မြန်မာ့ တိုင်းရင်း ဆေးပညာဟာ တကောင်းခေတ်မှသည်ပုဂံ၊ အင်းဝ၊ ပင်းယစတဲ့ခေတ်အဆက်ဆက်မှစပြီးတော့ ပြည်သူ လူထုရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးခဲ့ကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ ကမ္ဘာ့နိုင်ငံ အသီးသီးမှာရှိတဲ့ ပြည်သူ လူထုအများစုဟာ ၎င်းတို့ နိုင်ငံလူမျိုးအသီးသီးတို့ရဲ့ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူကြတာကို တွေ့ရပါတယ်။ အလားတူ မြန်မာ့ပြည်သူလူထုရဲ့ ၇၀% သော ကျေးလက်နေ ပြည်သူအများစုဟာ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူနေကြတာကိုတွေ့ရပါတယ်။ အမှန်တကယ် ဆေထိရောက်သောကြောင့်လည်း ယနေ့အချိန်ထိ လက်ခံ သုံးစွဲနေကြတာ ဖြစ်ပါ တယ်။