၂၀၁၈ ခုနှစ် မေလ ၁၅ ရက်နေ့၊ နံနက်(၈းဝဝ) နာရီ တွင် ရုံးအမှတ်(၄၇) တိုင်းရင်းဆေးပညာဦးစီးဌာန၏ အစည်းအဝေးခန်းမ ဘေးကပ်လျက်တွင် “ဖတ်ပြီးပြန်ထား အငှားစာအုပ်စင်” ဖွင့်ပွဲ အခမ်းအနားကို ဖွင့်လှစ်ပါသည်။ အခမ်အနားကို တိုင်းရင်းဆေးပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ပြည်နယ်/တိုင်းဒေသကြီးများမှ ဦးစီးဌာနများနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။