၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးဝါးတက္ကသိုလ်ရန်ကုန်၊ ပထမနှစ် ဆေးဝါးမဟာသိပ္ပံ(၁/၂၀၁၈) သင်တန်း (ပရဆေးဗေဒဘာသာရပ်) မှ သင်တန်းသူ(၁၃)ဦးသည် နံနက် (၁၀:၀၀)နာရီမှ(၁၂:၀၀)နာရီအထိ အမျိုးသားပရဆေးဥယျာဉ်အတွင်းရှိ တိုင်းရင်းဆေးပညာပြတိုက်သို့ လာရောက်လေ့လာရာတွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နေနေနိုင်ရည် ဦးဆောင်သောအဖွဲ့မှ တိုင်းရင်းဆေး ပြညာပြတိုက် ဖွင့်လှစ်ထားရသည့် ရည်ရွယ်ချက်များ၊ ပြခန်းအတွင်း ခင်းကျင်းပြသထားသောဆေးပစ္စည်းများ၏အသုံးဝင်ပုံများ၊ နယကြီး(၄)ပါးအကြောင်းနှင့် ပေ၊ ပရပိုက်များတွင်ပါရှိသော မြန်မာ့တိုင်းရင်းဆေးနည်းများနှင့် ဆီပြကွက်များအကြောင်းကိုအသေးစိတ်ဖြေကြားပြီး ပြတိုက်သို့လာရောက်လေ့လာသော ကျောင်းသူများ၏ သိရှိလိုသည့် မေးမြန်သည်များကို ရှင်းလင်းဖြေကြားခဲ့ပါသည်။