၂၀၁၈ ခုနှစ်၊ ဧပြီလ(၅)ရက်နေ့မှ(၂၅)ရက်နေ့အထိ KOIKA ၏ ကမ်းလှမ်းချက်အရ နိုင်ငံနှစ်ခုအကြား မြန်မာ့တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံနှင့်ကိုရီးယားနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်အတွက် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဦးကျော်သိန်းဌေး၊ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းရင်းဆေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာသိမ်းကျော်တို့သည် The fellowship program on Modernization of Traditional Medicine သို့ တက်ရောက်ရန်အတွက် ကိုရီးယားနိုင်ငံသို့ သွားရောက်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် MOU-ပညာရေး(Education)၊ ကုသရေး(Medical)၊ သုတေသနနှင့်ဖွံ့ဖြိုးမှုစီမံချက်များ၊ တိုင်းရင်းဆေးတက္ကသိုလ် တရုတ်-မြန်မာတိုင်းရင်းဆေးသုတေသနဗဟိုဌာနဖွင့်လှစ်ရန်အတွက် အကြိုမူကြမ်းကိုလည်းကောင်း၊ နားလည်မှုစာချွန်လွှာ၊ သဘောတူ ညီချက်များကိုရေးသားရာတွင်တရုတ်၊ အင်္ဂလိပ်ဘာသာများအပြင် မြန်မာဘာသာ ဖြင့်ရေးသား ဖော်ပြရန်များကိုလည်းကောင်းဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးပွဲပြီးနောက်ယူနန်တိုင်းရင်းဆေးတက္ကသိုလ်နယ်မြေရှိ စာကြည့်တိုက်၊ပြတိုက်တို့ကို လေ့လာခြင်း၊ သိပ္ပံနည်းကျ တိုင်းရင်းဆေးသုတေသနလုပ်ငန်းများကို ကူမင်းမြို့ရှိ Kunming Municioal Hospital of Traditional Chinese Medicine တွင်လေ့လာခြင်း၊ တရုတ် တိုင်းရင်းဆေး၊ အပ်စိုက်ကုပညာ၊ အကြောအရိုးအဆစ်ပညာတို့ကို ခေတ်မီပစ္စည်းများဖြင့် ပူးပေါင်း ၍ သိပ္ပံနည်းကျဆောင်ရွက်မှုများကို လေ့လာခဲ့ပါသည်။