the republic of the union of myanmar

ministry of health

Department of Traditional Medicine

၂၀၁၈ ခုနှစ်၊ မေ လ (၈) ရက် နေ့မှ (၁၂) ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Yunnan University of Traditional Chinese Medicine သို့သွားရောက်ခြင်းခရီးစဉ်

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

၂၀၁၈ ခုနှစ်၊ မေ လ (၈) ရက် နေ့မှ (၁၂) ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Yunnan University of Traditional Chinese Medicine ၏ ကမ်းလှမ်းချက်အရ မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံကြား သိပ္ပံနည်းကျတိုင်းရင်းဆေးသုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရန်အတွက် တိုင်းရင်းဆေး ပညာဦးစီးဌာနမှ ဦးကျော်သိန်းဌေး၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ တိုင်းရင်းဆေးတက္ကသိုလ်မှ ဦးထွန်းမြင့်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဦးဝင်းနိုင်၊ ပါမောက္ခ/ဌာနမှူး၊  ဦးတင်ဝင်း၊ မော်ကွန်းထိန်း တို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Yunnan University of Traditional Chinese Medicine သို့သွားရောက်ခဲ့ပါသည်။

 

အဆိုပါဆွေးနွေးပွဲတွင် MOU-ပညာရေး(Education)၊ ကုသရေး(Medical)၊ သုတေသနနှင့်ဖွံ့ဖြိုးမှုစီမံချက်များ၊ တိုင်းရင်းဆေးတက္ကသိုလ် တရုတ်-မြန်မာတိုင်းရင်းဆေးသုတေသနဗဟိုဌာန ဖွင့်လှစ်ရန်အတွက် အကြိုမူကြမ်းကိုလည်းကောင်း၊ နားလည်မှုစာချွန်လွှာ၊ သဘောတူညီချက်များကိုရေးသားရာတွင် တရုတ်၊ အင်္ဂလိပ်ဘာသာများအပြင် မြန်မာဘာသာဖြင့်ရေးသား ဖော်ပြရန်များ ကိုလည်းကောင်းဆွေးနွေးခဲ့ပါသည်။

 

ဆွေးနွေးပွဲပြီးနောက် ယူနန်တိုင်းရင်းဆေးတက္ကသိုလ်နယ်မြေရှိ စာကြည့်တိုက်၊ ပြတိုက်တို့ကိုလေ့လာခြင်း၊ သိပ္ပံနည်းကျ တိုင်းရင်းဆေးသုတေသနလုပ်ငန်းများကို ကူမင်းမြို့ရှိ Kunming Municioal Hospital of Traditional Chinese Medicine တွင်လေ့လာခြင်း၊ တရုတ် တိုင်းရင်းဆေး၊ အပ်စိုက်ကုပညာ၊ အကြောအရိုးအဆစ်ပညာတို့ကို ခေတ်မီပစ္စည်းများဖြင့် ပူးပေါင်း၍ သိပ္ပံနည်းကျဆောင်ရွက်မှုများကို လေ့လာခဲ့ပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်