ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
စာအမှတ် ၊ တဆပ/ဆေးဝါး-မှတ်/၂၀၁၈ (၄၀၃၃)
ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ လ ၁၈ ရက်
သို့
တိုင်းဒေသကြီးဦးစီးဌာနမှူး
တိုင်းရင်းဆေးပညာဦးစီးဌာန
ရန်ကုန်တိုင်းဒေသကြီး
အကြောင်းအရာ။ တိုင်းရင်းဆေးဝါးမှတ်ပုံတင် နှင့် ထုတ်လုပ်ခွင့်လိုင်စင်ကတ်ပြားများ ပေးပို့ခြင်း။
၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ အစည်းအဝေး (၂/၂၀၁၈) ဆုံးဖြတ်ချက်အရ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါးထုတ် လုပ်ခွင့်လိုင်စင်ကတ်ပြားများအား သက်ဆိုင်ရာတိုင်းဒေသကြီးဦးစီးဌာနမှူးရုံးများတွင် ထုတ်ပေးနိုင် ရန်အတွက် အောက်ဖော်ပြပါအတိုင်း လွှဲပြောင်းပေးပို့ပါသည် -
(က) တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)
(ခ) တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(အသစ်)
(ဂ) တိုင်းရင်းဆေးဝါးမှတ်ပုံတင်(တိုး)
(ဃ) တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(တိုး)
(င) တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(ဖြည့်စွက်)
(စ) တိုင်းရင်းဆေးဝါးမှတ်ပုံတင်/လိုင်စင် (ရက်စွဲညှိ)
(ဆ) အထွေထွေခွင့်ပြု(မှတ်ပုံတင်)
၂။ သက်ဆိုင်ရာ တိုင်းဒေသကြီးဦးစီးဌာနမှူးသည် သက်ဆိုင်ရာဆေးဝါးထုတ်လုပ်သည့် ပုဂ္ဂိုလ်သို့ ဆက်လက်အကြောင်းကြားဆောင်ရွက်ရန်နှင့် ပြီးစီးမှုအား ပြန်လည်တင်ပြရန် အကြောင်းကြားပါသည်။
ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)
(ဒေါက်တာမြင့်မြင့်သန်း၊ ညွှန်ကြားရေးမှူး(ဆေးဝါး/ဥယျာဉ်))