the republic of the union of myanmar

ministry of health

Department of Traditional Medicine

မှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေးအဖွဲ့ အစည်းအဝေး (၁/၂၀၁၆) (၁၈-၆-၂၀၁၆) ဆုံးဖြတ်ချက်များအရ လိုက်နာဆောင်ရွက်ရန် သတ်မှတ်ချက်များ

၃-၁။ ဆေးတစ်ဖုံတွင်ပါ၀င်သော ဆေးပစ္စည်းများတွင် တေဇောဆီ ထည့်သွင်းဖော်စပ်ပါက ပါဝင် ပစ္စည်းအလေးချိန်၏ ၅% ထက်မပိုရန်။

၃-၂။ တမာစေ့အား သောက်ဆေးများတွင် ထည့်သွင်းဖော်စပ်ပါက ကိုယ်၀န်ဆောင်များ သုံးစွဲရန် မသင့်ဟူသော စာသားထည့်သွင်း ဖော်ပြရန်နှင့် လိမ်းဆေးများတွင် ထည့်သွင်းဖော်စပ်ပါက“အရေပြားပွန်းပဲ့နေသော အနာများတွင် သုံးစွဲရန်မသင့်” ဟူသော စာသားများအား တံဆိပ်ပတ်တွင် ထည့်သွင်းဖော်ပြရန်။

၃-၃။ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အတွင်းတွင် တိုင်းရင်းဆေးဝါးမှတ်ပုံတင် ရရှိပြီးသော မျက်စဉ်းဆေး၊ နားထည့်ဆေး၊ ၀မ်းချူဆေးများ ထုတ်လုပ်နေခြင်းရှိပါက အဆိုပါ ဆေးဝါးများအား ခွင့်ပြုတော့မည် မဟုတ်ကြောင်း ထုတ်လုပ်သူများထံသို့ သိရှိလိုက်နာ ဆောင်ရွက်ပါရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များမှ ဆက်လက်အကြောင်း ကြားရန်။

၃-၄။ အဆစ်အမျက်နာခြင်း၊ ရောင်ခြင်း ဟူသော အညွှန်းများအား “ ဒဏ်ကြောင့်ဖြစ်သော အဆစ် အမျက်နာခြင်း၊ ရောင်ခြင်း ”ဟု သုံးနှုန်းရန်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လက်ပံပင်၏ ဆ ေးဖက်ဝင်အာနိသင်မ ာေး
အပျိုဖော်ဝင်စအမျိုးသမီးငယ်များတွင် ဖြစ်ပွားတတ်သော မီးယပ်ဝေဒနာအကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ