the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပြည်ပဧည့်သည်များနှင့်တွေ့ဆုံခြင်း

- ဂျပန်နိုင်ငံ University of Miyazaki, Faculty of medicine မှ Dean Dr. Masugi Maruyama ဦးဆောင်သော  အဖွဲ့ဝင်များနှင့် ၂၀၁၆ ခုနှစ် မေလ ၁၇ ရက်နေ့တွင်၊ လေ့ကျင့်သင်ကြားရေးကိစ္စရပ်များနှင့် အလားအလာရှိသော ဆေးဖက်ဝင်အပင်များ၏ သုတေသနလုပ်ငန်းများအကြောင်း အဓိကထား၍ ဆွေးနွေးခဲ့ပါသည်။
 

- ထိုင်းနိုင်ငံ United Nations Environment Programme မှ Programme Officer Mrs. Makiko Yashiro နှင့် Legal & Legislative Consultancy, Mr.Elpidio V.Peria တို့သည် ၂၀၁၆ ခုနှစ် မေလ ၂၆ ရက်နေ့တွင်၊ Nagoya Protocol နှင့် ပတ်သက်သည့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ - United Nations Environment Programme မှ Dr. Francis Vorhies (ACB/UNEP consultant) ဦးဆောင်သော   အဖွဲ့နှင့် ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၂ ရက် နေ့တွင်၊ Filling the Traditional Knowledge gap in support of Myanmar’s commitments under the NAGOYA Protocol နှင့် ပတ်သက်သည့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါ သည်။

 

- ဂျပန်နိုင်ငံ University of Miyazaki, Faculty of medicine မှ Dean Dr. Masugi Maruyama နှင့် ဂျပန်နိုင်ငံ University of Nihon မှ Prof. Dr. Nishina ပါဝင်သောအဖွဲ့ဝင်များနှင့် ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့တွင်၊ လေ့ကျင့် သင်ကြားရေးကိစ္စနှင့် သုတေသနဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့ပါသည်။

 

- ဂျပန်နိုင်ငံ Nishizawa Limited မှ GENERAL MANAGER, Mr. Wataru Yuruzume နှင့် Business Consulting Promote, Inc မှ Chief Consultant, Mr.Yoshimura Mitsumune နှင့် အဖွဲ့ဝင်များသည် ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင်၊ ဂျပန်ချင်း(ဂျင်း) အကြောင်းကို သုတေသနပြုလုပ်ရန်နှင့် စိုက်ပျိုးထုတ်လုပ်ရန် ကိစ္စရပ်များအကြောင်း ကို တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ 

 

- ဂျပန်နိုင်ငံ University of Toyama မှ Professor, Katsuhiro Konno နှင့် အတူ Watanabe Pharmaceutical Industrial Co.,Ltd မှ Managing Director, Mr. Koichi Watanabe နှင့် Regional Alliance Coordinator, Mr. Hiroshi Takamori နှင့်  အဖွဲ့သည် ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင်၊ JICA Project များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေး ခဲ့ပါသည်။

 

- University of Toyama မှ  Prof. Konno သည် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်နှင့်(၁၆)ရက်နေ့အထိ တိုင်းရင်းဆေးတက္ကသိုလ်တွင် ကျင်းပပြုလုပ်သည့် သတ္တမအကြိမ်မြောက် တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲတွင် Symposium လာရောက် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ Symposium တွင် တိုင်းရင်းဆေးပညာဦးစီး ဌာနနှင့် Toyama တို့ ပူးပေါင်းဆောင်ရွက်နေကြသည့် ကိစ္စရပ်များ၊ Japan တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်မှုများကို ဟောပြော ဆွေးနွေးခဲ့ပါသည်။ မြန်မာ့တိုင်းရင်းဆေးထုတ်လုပ်သူများကလည်း သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ပါသည်။

 

- Nippon Foundation မှ Mr. Nakajima Tatsuki သည် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် တိုင်းရင်းဆေးတက္ကသိုလ်၌ သတ္တမအကြိမ်မြောက် သုတေသနစာတမ်းဖတ်ပွဲကို လာရောက်လေ့လာ ခဲ့ပါသည်။ အဆိုပါ စာတမ်းဖတ်ပွဲတွင် တိုင်းရင်းဆေးထုတ်လုပ်သူများနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံတွင် တိုင်းရင်းဆေးဝါး ထုတ်လုပ် ဖြန့်ဖြူးမှုများ အကြောင်းကို ဆွေးနွေးခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ