the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဒီဇင်ဘာလ ၁ ရက်၊ ၁၄ ရက်၊ ၂၁ရက်နှင့် ၂၈ ရက်များသည် နက္ခတ္တနယဆေးပညာ တွက်ချက်မှုအရ ဒွိရန်းတိုင်တွင် ကျရောက်ပါသဖြင့် ရှောင်ကြဉ်ရန်နှင့် စားသောက်ရန် အစားအစာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

စားသောက်ရန် အစားအစာများ

(၄) ပထဝီဓာတ်ကြိုက်စာ    

ချိုဆိမ့်အရသာရှိသော အစားအစာများ၊ အမဲသား၊ ဆိတ်သား၊ ဆတ်သား၊ ကြက်သား၊ ဘဲသား၊ ဝက်သား၊ ယုန်သား၊ ပုစွန်ထုပ်၊ ငါးစင်ရိုင်း၊ ငါးသိုင်း၊ ငါးပတ်၊ ငါးသလောက်၊ ငါးသလဲထိုး၊ ငါးဖောင်ရိုး၊ ငါးပြေမ၊ ငါးရံ့၊ ငါးခူ

(၅) အာပေါဓာတ်ကြိုက်စာ

အေးချို အရသာရှိသော အစားအစာများ၊ ကန်စွန်းရွက်၊ သခွါးသီး၊ ခဝဲသီး၊ သပွတ်သီး၊ ဟင်းနုနယ်၊ ပြည်ပန်းညို၊ မှိုနတို၊ ထန်းရည်ချို၊ ရုံးပတီသီး၊ ပီလောရွက်၊ ဒန့်ကျွဲရွက်၊ ဖရဲသီး၊ ငှက်ပျောသီး၊ သဖန်းသီး၊ သလဲသီး၊ စွန်ပလွံသီး၊ မာလကာသီး၊ ပိန္နဲသီး၊ ဓနိရည်၊ အုန်းရည်၊ ကြံရည်

(၆)  တေဇောဓာတ်ကြိုက်စာ

ပူစပ်ချဉ် အရသာရှိသော အစားအစာများ၊ သံပရာသီး၊ ရှောက်သီး၊ မရမ်းသီး၊ မန်ကျည်းသီး၊ စောင်းလျားသီး၊ မျှစ်ချဉ်၊ ပုစွန်ချဉ်၊ မုန်လာချဉ်၊ ပဲတီချဉ်၊ ပင်စိမ်း၊ ကြက်သွန်ဖြူ၊ ဥသျှစ်ရွက်၊ ပဒဲကော၊ ငရုတ်ကောင်း

 

(၇)   ဝါယောဓာတ်ကြိုက်စာ

အခါးအရသာရှိသော အစားအစာများ၊ တမာရွက်၊ ခွေးတောက်ရွက်၊ ကန့်ကလာရွက်၊ ကြောင်လျှာသီး၊ လက်ဖက်၊ ဒန့်သလွန်သီး/ရွက်၊ ကင်းပုံ၊ ငှက်ပျောဖူး၊ ကညွတ်၊ သင်္ဘောရွက်၊ သခွပ်၊ သနပ်ရွက်၊ ခရမ်းကစော့သီး

ရှောင်ကြဉ်ရန် အစားအစာများ

(၁)  အာကာသဓာတ်ကြိုက်စာ

ချွေးထွက်စေသော၊ ဆူးရှိသော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ၊ ပြင်းထန် စူးရှသည့် အနံ့ရှိသော စားသောက်ဖွယ်ရာများ၊ အရောင်အဆင်းပြောက်ကြားရှိသော အသီးအနှံနှင့် အသား၊ ငါးများ

(၂) အာဟာရဓာတ်ကြိုက်စာ

အငန်အရသာရှိသော အစားအစာများ၊ သရက်သီး၊ သင်္ဘောသီးမှည့်၊ ပျားရည်၊ ငံပြာရည်၊ ငါးပုပ်ပြား၊ ငါးရံ့ခြောက်၊ ဆူးပုပ်၊ ကျောက်ဖရုံသီး၊ ရွှေဖရုံသီး၊ ပဲမျိုးစုံ၊ အုန်းသီးခြောက်ရည်၊ စွံပလွန်၊ သကြား၊ ထန်းလျက်၊ ပိန်းဥ၊ မျောက်ဥ၊ မာလကာ

(၃)  သည်းခြေဓာတ်ကြိုက်စာ

ချိုချဉ်ဖန် အရသာရှိသော အစားအစာများ၊ ချဉ်ပေါင်၊ ကင်ပွန်းရွက်၊ နာနတ်သီး၊ ဆီးသီး၊ ဆီးဖြူသီး၊ ကျွဲကောသီး၊ ကမ္ဗလာသီး၊ လိမ္မော်သီး၊ ဆီးယို၊ ရှောက်ချိုသီး၊ သံပရာသီး၊ မန်ကျည်းဖျော်ရည်

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ