၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ နံနက် (၉:၀၀) နာရီတွင် လစဉ်ကျင်းပမြဲဖြစ်သော စဉ်ဆက်မပြတ်တိုင်းရင်းဆေးပညာပေးအစီအစဉ် Continuing Traditional Medicine Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြည်နယ်/တိုင်းဒေသကြီးအသီးသီးတွင်၂၀၁၈ ခုနှစ်၊ မေလအတွင်း ကျင်းပခဲ့သည့် CTME - စဉ်ဆက်မပြတ် တိုင်းရင်းဆေးပညာပေးအစီအစဉ်
(၂၃. ၆. ၂၀၁၈) ရက်(စနေနေ့)တွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဖွံ့ဖြိုးရေးဌာနစိတ်နှင့် ခုတင်(၁၀၀)ဆံ တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်တို့ ပူးပေါင်းဆောင်ရွက်ကျင်းပသော တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် (CTME) အခမ်းအနားတွင် “ဆီးချိုကြောင့်ဖြစ်သောသွေးကြောပိတ်နာ” ခေါင်းစဉ်ဖြင့် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။
၂၀၁၈ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူးရုံး၊ ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံ (ရန်ကုန်)နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ရန်ကုန်တိုင်းဒေသကြီး)တို့ပူးပေါင်း၍ ခုတင် ၁၀၀ ဆံ့တိုင်းရင်းဆေးရုံကြီး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သော တိုင်းရင်းဆေးပညာပေးစဉ် ဆက်မပြတ်တိုးတက်ရေးဆွေးနွေးပွဲကို ကလေးသူငယ်နာကုထုံးနှင့်ကလေးသူငယ်နာလေငန်းအကြောင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။
၂၀၁၈ ခုနှစ် မေလ ၂၆ ရက်နေ့တွင် ရက်(စနေနေ့)တွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ဖွံ့ဖြိုးရေးဌာနစိတ်နှင့် ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်တို့ပူးပေါင်း ဆောင်ရွက်ကျင်းပသော တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် (CTME)အခမ်းအနားတွင် “ကလေးသူငယ်နာသွက္ချာပါဒရောဂါ” ခေါင်းစဉ်ဖြင့် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။