the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဧရာဝတီတိုင်းဒေသကြီး၊ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ ပုသိမ်၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ်တွင် “ဆီးချိုသွေးချိုအနာရောဂါ” ခေါင်းစဉ်ဖြင့် (CTME)အခမ်းအနားကျင်းပခြင်း

 

(၂၈.၁.၂၀၁၉)ရက် (ဗုဒ္ဓဟူးနေ့)တွင် ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံး သည် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ဧရာဝတီတိုင်းဒေသကြီးအသင်းခွဲ)နှင့်ပူးပေါင်း၍ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် (CTME) အခမ်းအနားကို “ခါးနာရောဂါ” ခေါင်းစဉ်ဖြင့် (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ ပုသိမ်မြို့ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါ သည်။

အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် ဆရာဦးသာဝင်း၊ ဒု-တိုင်းဒေသကြီးဦးစီးဌာနမှူး၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)က ဆောင်ရွက်ပြီး၊ “ခါးနာရောဂါ”စာတမ်းကို (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ (ပုသိမ်မြို့)မှ ဆရာမဒေါ်ဝင်းဝင်းနွယ် (ဒု-တိုင်းရင်းဆေးမှူး)က ဖတ်ကြားပြီး ပြင်ပတိုင်းရင်းဆေးဆရာ (၁၀)ဦးနှင့် တိုင်း/ ခရိုင်/ မြို့နယ်တိုင်းရင်းဆေးကုဌာနများမှ ဝန်ထမ်း(၁၀)ဦး တို့ တက်ရောက်ခဲ့ပါသည်။ ဖိတ်ကြားထားသူများနှင့် တက်ရောက်လာသောဆရာ၊ ဆရာမများမှ မေးမြန်း ဆွေးနွေးမှုများနှင့် အကြံပြုသုံးသပ်ချက်များကို ပြန်လည်ဖြေကြားရှ င်းလင်းခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ပါသည်။

 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်