၁။ တိုင်းရင်းဆေးပညာဦးစီးဌာနသည် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အရည် အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်း ဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက်ရှိပါသည်။
၂။ အာဆီယံဒေသတွင်းနိုင်ငံများ၏ Post – Marketing Alert System (PMAS) Report အစီ အစဉ်အရ အာဆီယံဒေသတွင်း တွေ့ရှိရသော အောက်ဖော်ပြပါ တိုင်းရင်းဆေးဝါး(၁)မျိုးနှင့် ကျန်းမာရေးဖြည့်စွက်စာ(၁)မျိုးတွင် အနောက်တိုင်းဆေးအရောအနှော တွေ့ရှိကြောင်း၊ Microbial contamination တွေ့ရှိရကြောင်း၊ သုံးစွဲရန်မသင့် Announcement ဆောင်ရွက်ထားကြောင်း၊ Product recall ဆောင်ရွက်ထားကြောင်း ပေးပို့လာပါသဖြင့် အများပြည်သူ သုံးစွဲရန် မသင့်လျော် ကြောင်း အသိပေးအပ်ပါသည်။