၁။ တိုင်းရင်းဆေးပညာဦးစီးဌာနသည် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အရည် အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်း ဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက်ရှိပါသည်။
၂။ အာဆီယံဒေသတွင်းနိုင်ငံများ၏ Post – Marketing Alert System (PMAS) Report အစီ အစဉ်အရ အာဆီယံဒေသတွင်း တွေ့ရှိရသော အောက်ဖော်ပြပါ တိုင်းရင်းဆေးဝါး(၁)မျိုးနှင့် ကျန်းမာရေးဖြည့်စွက်စာ(၁)မျိုးတွင် အနောက်တိုင်းဆေးအရောအနှော တွေ့ရှိကြောင်း၊ Microbial contamination တွေ့ရှိရကြောင်း၊ သုံးစွဲရန်မသင့် Announcement ဆောင်ရွက်ထားကြောင်း၊ Product recall ဆောင်ရွက်ထားကြောင်း ပေးပို့လာပါသဖြင့် အများပြည်သူ သုံးစွဲရန် မသင့်လျော် ကြောင်း အသိပေးအပ်ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။