မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဆင့်ပွားအသိပညာပေးခြင်း အခမ်းအနားကို (၂၇.၈.၂၀၂၅)ရက်နေ့တွင်ကျင်းပရာ တိုင်းရင်းဆေးပညာဦးစီးဌာန ရှမ်းပြည်နယ် တောင်ကြီးခရိုင် တောင်ကြီးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးခန်းမှူး ဒေါ်ခင်ဆွေသည် မြန်မာ့တိုင်းရင်းဆေးပညာနှင့် တုပ်ကွေးရောဂါအကြောင်းကို လူဦးရေ(၇၀) ဦးအား အသိပညာပေး ဟောပြောခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။