ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဟေမာသန်းထွန်းနှင့်အဖွဲ့သည် (၂၂-၁-၂၀၂၄)ရက်နေ့တွင် အမှတ် (၁)ရပ်ကွက်၊ ဓမ္မာရုံတွင်ကျား လူကြီး (၄)ဦး၊ မ လူကြီး(၂၅) ဦး၊ ကျားကလေး (၃)ဦး၊ မ ကလေး(၁)ဦး စုစုပေါင်း (၃၃)ဦးတို့အား ကွင်းဆင်းဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။