ကျန်းမာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကုသရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံမှ ဒေါက်တာသောင်းဒန်ဦးနှင့်အဖွဲ့၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့် အဖွဲ့၊ လှည်းကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ၂၄.၆.၂၀၂၄ ရက်နေ့ နေ့လယ် (၁)နာရီမှ(၃)နာရီအထိ အငြိမ်းစား ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရာ ကျား(၁၈)ဦး၊ မ(၁၄)ဦး စုစုပေါင်း(၃၂) ဦး တို့အား တိုင်းရင်းဆေးပညာဖြင့် ဆေးကုသမှုပေးခဲ့ကြောင်း သတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။