ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးသင်တန်း (၁/၂၀၂၆) တွင် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်ချောထက်သည် တိုင်းရင်းဆေးပညာအခြေခံသဘောတရာများ၊ ဥတုရာသီအလိုက် ယေဘုယျ ဖြစ်တတ်သော ရောဂါငယ်များ၊ တိုင်းရင်းဆေးမှူး ဒေါ်သိင်္ဂီကျော်မှ မီးဖိုချောင်သုံး ဆေးဖက်ဝင်ပစ္စည်းများ၊ မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်များ အသုံးပြုပုံအကြောင်းနှင့် (၁၉-၂-၂၀၂၆) ရက်နေ့တွင် အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်စန္ဒာယု၊ ဒုတိုင်းရင်းဆေးမှူး ဒေါ်ခင်သန္တာငြိမ်း တို့မှ ခန္တာကိုယ်ရှိအကြော ထောက်ကွက်များအား စာတွေ့လက်တွေ့ဖြင့် သင်တန်းသား၊ သင်တန်းသူ (၃၅)ဦးတို့အား သင်ကြားပိုချပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

