တိုင်းရင်းဆေးပညာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဝင်းသည် ရွာသစ်ရပ်ကွက်ရှိ အ-ထ-က (၁) ကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အတွက် Online စနစ်ဖြင့် သင်ကြားပိုချရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ များကို (၁၈-၂-၂၀၂၆) ရက်နေ့မှ (၂၀-၂-၂၀၂၆) ရက်နေ့အထိ တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာကျား (၁၀) ဦး ၊ မ (၁၁) ဦး၊ စုစုပေါင်း ( ၂၁ ) ဦးအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

