တိုင်းရင်းဆေးပညာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ တိုင်းရင်းဆေးကုဌာန၊ ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံးမှ ခရိုင်ဦးစီးဌာနမှူး ဒေါ်မြင့်မြင့်အောင် ဦးဆောင်၍ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇာနည်ဌေး၊ အကြီးတန်းစာရေး ဒေါ်ချိုဝေလွင်၊ နေ့စား (ရုံးလုပ်ငန်း) ဒေါ်ဇင်မာဌေး တို့ပါဝင်သောအဖွဲ့သည် (၄-၆-၂၀၂၆) ရက်နေ့၊ နံနက် (၉:၃၀) အချိန်တွင် စနစ်သစ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ အမှတ်(၁၄) ရပ်ကွက်၊ ပခုက္ကူမြို့သို့ သွားရောက်၍ ရဟန်းသံဃာ၊ သီလရှင်၊ လူများ ကျား (၁၅)ဦး၊ မ(၂၀)ဦး၊ စုစုပေါင်း (၃၅)ဦးတို့အား ဆေးကုသမှုပေးခဲ့ပြီး “ဆေးဖက်ဝင်အပင်များအကြောင်း” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

