စစ်ကိုင်းတိုင်းဒေသကြီး၊ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ မြင်းမူမှ (၃-၆-၂၀၂၆) ရက်နေ့တွင် ဆေးရုံအုပ် ဒေါ်နန်းနွယ်အေး ဦးဆောင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် မြင်းမူမြို့ အခြေခံပညာမူလတန်းကျောင်း အ.မ.က(၂) သို့သွားရောက်၍ ကျောင်းကျန်းမာရေး အသိပညာ ပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်ခဲ့ရာ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်အေးမိုးမြင့်အောင် က “ဝမ်းပျက်ဝမ်းလျောရောဂါ” နှင့် ဆောင်ရန်၊ ရှောင်ရန်တို့ကို လူဦးရေ (၁၁၅)ဦးတို့အား အသိပညာပေးဟောပြောခဲ့ပြီး ကျား (၁၈)ဦး၊ မ (၃၇)ဦး၊ စုစုပေါင်း (၅၅)ဦး တို့ကို တိုင်းရင်းဆေးဖြင့် ဆေးဝါးကုသခြင်း များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

