နေပြည်တော် ခုတင် ၁၀၀ ဆံ တိုင်းရင်းဆေးရုံကြီး ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် ၂၅-၅-၂၀၂၅ ရက်နေ့တွင် ဇေယျာသီရိ မြို့နယ်၊ ရှားစေးဖိုကျေးရွာ ဘက်စုံသုံးခန်းမ၌ နေပြည်တော်တိုင်းရင်းဆေးရုံ ဒုတိယဆေးရုံအုပ် ဦးလှမော်နှင့် ဆရာ/ဆရာမများက ကွင်းဆင်းဆေးကုသပေးခြင်းဖြစ်ပြီး နေပြည်တော် တိုင်းရင်းဆေးပညာ ဦးစီးဌာနမှူးနှင့်အဖွဲ့မှ ပူးပေါင်း၍ ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ ရှားစေးဖိုကျေးရွာမှ ဆေးကုသမှုခံယူသူ စုစုပေါင်း ၁၀၄ ဦးအား သွေးတိုး၊ ဆီးချို၊ ဒူးနာ၊ ခါးနာ၊ အာရုံကြောရောဂါများ၊ အဆစ်ရောင်၊ လေးဘက်နာ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ အကြောတက်၊ ကိုက်ခဲ၊ လေးဖြတ်၊ လေငန်းရောဂါ၊ ထုံနာကျင်နာရောဂါများ ကုသပေးခဲ့ပြီး တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများအား ရှင်းလင်းဟောပြောခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေးတက္ကသိုလ်မှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
Sat , May 24 2025 - 03 pmမန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေးတက္ကသိုလ်မှ ဆရာ/ဆရာမများသည်
ပျော်ဘွယ်မြို့ ၁၆ ခုတင်ဆံတိုင်းရင်းဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
Sat , May 24 2025 - 03 pmပျော်ဘွယ်မြို့ ၁၆ ခုတင်ဆံတိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်သက်နှင်းဦးနှင့် ဒုတိယတိုင်းရင်းဆေးမှုး ဒေါ်သီတာဦး၊ ဒေါ်မျိုးမျိုးသန့်၊ ဒေါ်ခိုင်သဇင်၊ လက်ထောက်တိုင်းရင်းဆေးမှုး ဒေါ်စုစုမျိုးမင်းတို့ ဦးဆောင်သော
နေပြည်တော် ရွှေကြာပင်ယာယီဆေးရုံ တိုင်းရင်းဆေးကုသရေးအဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
Sat , May 24 2025 - 03 pmနေပြည်တော် ရွှေကြာပင်ယာယီဆေးရုံ တိုင်းရင်းဆေးကုသရေးအဖွဲ့ သည် ၉-၄-၂၀၂၅ ရက်နေ့တွင် လူနာကျား ၁၅ ဦး၊ မ ၁၁ ဦး စုစုပေါင်း ၂၆ ဦး၊ ၃-၄-၂၀၂၅ ရက်နေ့မှ ၉-၄-၂၀၂၅ ရက်နေ့အတွင်း
ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီး ဦးစီးဌာနမှူး၏လမ်းညွှန်မှု့ဖြင့် ပြည်ခရိုင်ရွှေတောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်နီလာမြင့်နှင့် လက်ထောက်တိုင်းရင်းဆေးမှုး ဒေါ်ဇာဇာအောင်တို့သည်