ပျော်ဘွယ်မြို့ ၁၆ ခုတင်ဆံတိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်သက်နှင်းဦးနှင့် ဒုတိယတိုင်းရင်းဆေးမှုး ဒေါ်သီတာဦး၊ ဒေါ်မျိုးမျိုးသန့်၊ ဒေါ်ခိုင်သဇင်၊ လက်ထောက်တိုင်းရင်းဆေးမှုး ဒေါ်စုစုမျိုးမင်းတို့ ဦးဆောင်သော အဖွဲ့သည် ရွှေပြည်ရန်အောင်ရပ်ကွက် ဓမ္မာရုံ၌ ၃-၄-၂၀၂၅ ရက်နေ့မှ ၁၀-၄-၂၀၂၅ ရက်နေ့ အတွင်း ယာယီတိုင်းရင်းဆေးကုခန်းဖွင့်လှစ်၍ ကျား ၄၅ ဦး ကျားကလေး ၅ ဦး မ ၆၅ ဦး မကလေး ၈ ဦး စုစုပေါင်း ၁၂၃ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။