ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်တိုင်းရင်းဆေးကုဌာနမှ ၁၇.၅.၂၀၂၃ရက်နေ့တွင် ဖျာပုံမြို့ အမှတ်(၁၈)ရပ်ကွက်၊ လိပ်ဥကုန်းကျောင်းတရားရိပ်သာ၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ လူနာကျား(၁၈)ဦးမ(၂၉ )ဦးစုစုပေါင်း(၄၇)ဦးအား တိုင်းရင်းဆေးပညာဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်းသိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ တွဲဖက်၊ တာဝန်ခံ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ကေဇင်စိုး ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ၁၉.၅.၂၀၂၃ ရက်နေ့တွင် ရတနာသီရိစာသင်တိုက်၌ သီလရှင်ဆရာလေးများနှင့် ဒကာ၊ဒကာမ (၃၀)ဦးအား ရာသီတုပ်ကွေးနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ကိုဗစ်-၁၉နှင့်ပတ်သက်၍ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ လက်ကမ်းစာစောင်များဝေခြင်းတို့ ပေးဝေခဲ့ပြီး သီလရှင်ဆရာလေးများနှင့် ဒကာ၊ဒကာမများ စုစုပေါင်း(လူကြီး) ကျား=(၁)ဦး ၊လူကြီး မ=(၂၄)ဦး၊ ပေါင်း=(၂၅)ဦး တို့အား တိုင်းရင်းဆေးဝါးများအခမဲ့ပေးဝေကာ ကွင်းဆင်းဆေးကုသခဲ့ပါကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး ၊ ကြို့ပင်ကောက်မြို့( ၁၆ )ခုတင်ဆံတိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဆွေဇင်ဖြိုး၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်ဇာလီထက် ၊အငယ်တန်းစာရေး ( ၃ )ဦးတို့ ပါဝင်သော အဖွဲ့သည် ၁၈-၅-၂၀၂၃ ရက်နေ့တွင် ရွှေကြို့မြေဘိုးဘွားရိပ်သာ၌ လူနာဦးရေ ကျား ( ၁၁ )ဦး ၊ မ ( ၁၃ )ဦး စုစုပေါင်း ( ၂၄ ) ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
တနင်္သာရီတိုင်းဒေသကြီး (၁၆) ခုတင်ဆံ့ ထားဝယ်တိုင်းရင်းဆေးရုံမှ ၁၇-၅- ၂၀၂၃ ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ပွင့်ဖြူဖြူသော် ဦးဆောင်သောအဖွဲ့သည် ထားဝယ်မြို့ဘိုးဘွားရိပ်သာ၌ အဘိုး(၄)ဦး .အဘွား(၁၀)ဦး စုစုပေါင်း(၁၄)ဦးအား တိုင်းရင်းဆေးဖြင့်အခမဲ့ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်းသိရှိရသည်။
ဧရာ၀တီတိုင်းဒေသကြီး မြောင်းမြခရိုင် လပွတ္တာမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် (၁၃-၅-၂၀၂၃) ရက်နေ့တွင်ကျောက်ဖြူကျေးရွာ၌ လူနာကျား(၂၀)ဦး မ(၂၅)ဦး စုစုပေါင်းလူနာ (၄၅) ဦး တို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်ခဲ့ပါကြောင်း သိရှိရသည်။