ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၁၉-၆-၂၀၂၅ ရက်နေ့တွင် ဒေါ်ဝါဝါလင်းဦးဆောင်သောအဖွဲ့သည် အုတ်ဖိုစုရပ်ကွက်၊ သန်လျင်မြို့ရှိ၊မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ အဖွဲ့ခွဲအမှတ် (၁၂၆)၌ ယောဂီတို့အား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသခဲ့ရာ လူကြီး ကျား ( ၁၀ )ဉီး၊ လူကြီး မ (၂၈) ဦးစုစုပေါင်း( ၃၈)ဉီးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု့ ပြုလုပ်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။